Sunday, August 9, 2015
"အသည်းပုံစံ ဆံပင်ဒီဇိုင်း"
"အသည်းပုံစံ ဆံပင်ဒီဇိုင်း"
တောင်ကိုရီးယားနိုင်ငံမှာ အခုတလော ခေတ်စားနေတဲ့ ဆံပင်ဖက်ရှင်ဒီဇိုင်းက ထူးထူးခြားခြား ဖြစ်နေတာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆံပင်ဒီဇိုင်းဟာ အသည်းပုံစံ ဖြစ်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဆံပင်ကို နဖူးပေါ်မှာချပြီး အသည်းပုံစံ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ဆံပင်နဲ့ပတ်သက်လာရင် အစွဲအလမ်းကြီးပြီး နာမည်ကျော်တွေကို အတုယူလေ့ ရှိပါတယ်။
ဒီဆံပင်ပုံစံဟာ ကာတွန်းဇာတ်ကောင် ဆေလာမွန်းနဲ့ ဆင်တူနေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဂန်ဘွတ် အရပ်ဒေသမှာရှိတဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးတွေဟာ အသည်းဆံပင်ပုံစံကို ထားရှိခဲ့ရာမှ တစ်နိုင်ငံလုံး ပြုလုပ်နေခြင်း ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက ဆယ်ကျော်သက် အမျိုးသမီးတွေဟာ အသည်းဆံပင်ပုံစံ ထားရှိပြီး၊ လူမူကွန်ရက်မှာ အပြိုင်အဆိုင် တင်ရှိနေခြင်းကြောင့် ဒီဖက်ရှင်ဟာ ပိုမို ရေပန်းစားလာတယ်လို့ သိရပါတယ်။ အသည်းဆံပင်ပုံစံကို ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတွေလည်း လိုက်လံ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အသည်းဆံပင်ပုံစံဟာ ပြုလုပ်ရတာ လွယ်ကူပြီး ဆပရေးဖျန်းပြီး လည်းကောင်း၊ ဆံပင်ပုံသွင်းတဲ့အရာနဲ့ လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးတွေနဲ့ အလွန်လိုက်ဖက်ပြီး အသည်းဆံပင်ပုံစံကို နဖူးရှေ့မှာ ချထားပါက အားလုံးနဲ့ ကွဲထွက်သွားတဲ့ အလှတရားကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
Credit: messenger
Labels:
နိုင်ငံတကာသတင်း,
အလှအပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment