Saturday, August 8, 2015
"အိမ်ထောင်ပြုမယ်ဆိုရင်…"
"အိမ်ထောင်ပြုမယ်ဆိုရင်…"
လူနာ… အသက်ရှည်ရှည်နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ?
ဆရာဝန်… အိမ်ထောင်ပြုလိုက်ပါ...
လူနာ… အဲဒါက တကယ်အသက်ရှည်စေတယ်လား ဆရာ?
ဆရာဝန်… အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။
အမေး… မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။
အဖြေ… ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။
ဇနီး… မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်နော်။ ဘာလုပ်ကြရင် ကောင်းမလဲဟင်?
ခင်ပွန်း… (၂) မိနစ်လောက် ၀မ်းနည်းခြင်း အထိန်းအမှတ်နဲ့ ငြိမ်သက်နေကြတာပေါ့ကွာ။
လူတွေ “ချစ်လို့လက်ထပ်တာ” နဲ့ “မိဘတွေစီစဉ်မှုကြောင့် လက်ထပ်တာ” ကွာခြားပုံအကြောင်း ဆွေးနွေးနေရင် ရယ်စရာ ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒါက လူတစ်ယောက်ကို “ကိုယ့်ကိုကိုယ် သတ်သေတာ” နဲ့ “အသတ်ခံရတာ” ဘယ်ဟာပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူလို့ပါ။
……… ………
အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ ဟာသလေးတွေ
ဘာသာပြန်ပြီး မျှဝေလိုက်တာပါ။ ရယ်ဖို့သက်သက်ပါ။ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ ပြောတာမဟုတ်သလို အိမ်ထောင်ပြုဖို့ ပြင်ဆင်ဆဲ၊ အိမ်ထောင်ပြုလတ္တံ့သော သူများကိုလည်း လုံးဝလုံးဝ မတားပါဘူးဗျာ……… (ဒီလူပျိုကြီး သူများတွေကိုပါ အိမ်ထောင်မပြုရဲအောင် ခြောက်လှန့်ပြီး အဖော်ညှိနေတယ်လို့ အပြောခံရမှာစိုးလို့ ရှင်းပြထားတာပါ……။ :)
အားလုံး ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ...
Credit: ဖြိုးဇာနည်
Labels:
ဟာသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment