Wednesday, August 5, 2015
"မိန်းကလေးတစ်ယောက်က သူ့ကို ဆက်မနှောင့်ယှက်စေချင်တော့ဘူးဆိုတာ နှုတ်က ဖွင့်မပြောပဲ သိသာစေမယ့် အရာများ"
"မိန်းကလေးတစ်ယောက်က သူ့ကို ဆက်မနှောင့်ယှက်စေချင်တော့ဘူးဆိုတာ နှုတ်က ဖွင့်မပြောပဲ သိသာစေမယ့် အရာများ"
မိန်းကလေးတွေဟာ သူတို့ကို ဘယ်သူတွေ စိတ်ဝင်စားနေပြီ။ ချဉ်းကပ်နေပြီဆိုတာ သိလိုက်တာနဲ့ သူတို့ဘက်ကလည်း သဘောကျရင် ကျရသလို မကျရင်လည်း မကျသလို အထာတွေနဲ့ ပြန်ဆက်ဆံပေးတတ်ပါတယ်။ တစ်ခါတစ်လေ တစ်ဖက်က ခြေလှမ်းတစ်လှမ်းမတိုးခင် ဆက်မတိုးဖို့ သူတို့က ပါးစပ်က ဖွင့်ပြောချင်မှ ပြောပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်က အမျိုးသားကလည်း သူတို့က တရားဝင်ဖွင့်ဟတာမျိုး မရှိသေးဘူးကိုး။ အဲ့ဒီလို အခြေအနေမျိုးမှာ မိန်းကလေးတွေဘက်က ကျွန်မကို ဆက်မလိုက်ပါနဲ့တော့။ ကျွန်မဆီကို ခြေလှမ်းဆက်မတိုးပါနဲ့တော့ ဆိုတာမျိုးကို ခုလို အထာမျိုးတွေနဲ့ တုံ့ပြန်တတ်ပါတယ်။
၁။ သူ့ကိုစကားလာမပြောအောင် Headphone တပ်ပြီး နေလိုက်တာမျိုး။
သူတစ်နေရာမှာ တစ်ယောက်တည်း ရှိနေချိန် သင် သူ့ဘေးနား ရောက်မလာအောင် Headphone နားမှာတပ်ပြီး သီချင်းနားထောင်နေတာမျိုးတွေ လုပ်တတ်ပါတယ်။ တကယ် သီချင်းနားထောင်တာမျိုးထက် သင် သူ့ကို အနှောင့်အယှက်မပေးနိုင်အောင် ကြိုတင်ကာကွယ်တဲ့ သဘောပေါ့။
၂။ သင့်ကိုမြင်တာနဲ့ တစ်ဖက် ချက်ချင်းလှည့်လိုက်တာမျိုး၊ ဦးထုပ်ကို ငိုက်နေအောင် ဆောင်းထားတာမျိုး။
သင် သူ့ဆီကို လမ်းလျှောက်လာတာ မြင်တာနဲ့ ဖုန်းကို ကောက်ပွတ်ပြီး စိတ်ဝင်စားနေသယောင် ဟန်ဆောင်လိုက်ပါလိမ့်မယ်။ ဒါ့အပြင် သင်သူ့ကို မမြင်အောင်လည်း ဦးထုပ်ကို ငိုက်အောင်ဆောင်းပြီး နေတတ်ပါသေးတယ်။ အဆိုးဆုံးကတော့ သင် သူ့ကို မမြင်အောင် ချက်ချင်း ဟိုဘက် ကောက်လှည့်ပစ်လိုက်တာမျိုးပေါ့။
၃။ ခန္ဓာကိုယ်အနေအထားကိုက သင်ရှိနေရင် တောင့်တောင့်တင်းတင်းကြီး ဖြစ်နေပါလိမ့်မယ်။
လက်ကိုတင်းကျပ်အောင် ပိုက်ထားတာမျိုး၊ တစ်ဖက်ကို မသိမသာစောင်းနေတာမျိုး၊ သင်နဲ့မျက်လုံးချင်း မဆုံအောင် အတင်းလိုက်ရှောင်နေတာမျိုး၊ လိုအပ်တာထက် ခပ်တည်တည်ဖြစ်နေခြင်းတွေဟာ သင့်ကို ရှေ့မတိုးဖို့ တားမြစ်လိုက်တာတွေပါ။
၎။ မျက်လုံးချင်းမဆုံအောင် ရှောင်မယ်၊ စကားလမ်းကြောင်းလွှဲမယ်။
သင်နဲ့သူ နှစ်ယောက်အပြင် အခြားတစ်ယောက်ပါ အတူတူရှိနေမယ့် စကားဝိုင်းဆိုရင် သူမဟာ သင့်ကို မကြည့်ပဲ တခြားတစ်ယောက်ကိုသာ ကြည့်ပြီး စကားတွေ ပြောနေပါလိမ့်မယ်။ ဒါ့အပြင် သူနဲ့သင့်အကြောင်းဘက် စကားရောက်မသွားအောင်လည်း အတင်း လမ်းကြောင်းလွှဲနေပါလိမ့်မယ်။
၅။ သူမရဲ့ Laptop ကို ပြူးပြဲစိုက်ကြည့်နေမယ်။
ဆိုလိုချင်တာကတော့ အလုပ်ရှုပ်နေလို့ လာမနှောင့်ယှက်ပါနဲ့ပေါ့။ ဒါကိုမှ သင်က ဘေးနားသွားပြီး စကားသွားပြောမယ်ဆိုရင် အလိုက်ကန်းဆိုးမသိဘူးလားဆိုတဲ့ အကြည့်နဲ့ သင့်ကို ကြည့်လိုက်ပါလိမ့်မယ်။
မေသော်
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment