Sunday, August 23, 2015
"ကျေးဇူးသိတတ်သူတွေ အချိုပိုစားပြီး ၀နိုင်ခြေပိုများ"
"ကျေးဇူးသိတတ်သူတွေ အချိုပိုစားပြီး ၀နိုင်ခြေပိုများ"
အခြားလူများက ကိုယ့်အပေါ် ကျေးဇူးပြုခြင်းကို သိတတ်ခြင်းသည် ကောင်းမွန်သော အမူအကျင့် ဖြစ်ကြောင်း ငယ်စဉ်ကတည်းက သင်ယူ ကြားနာခဲ့ရသည်။
သို့သော် သူတစ်ပါး ကျေးဇူးကို သိတတ်ခြင်းတွင် အမှောင်ဘက်အခြမ်း ရှိနေပါသည်။ သူတစ်ပါး ကျေးဇူးကို သိတတ်သူများသည် အချိုစာပိုစားပြီး ကိုယ်အလေးချိန် တိုးနိုင်ခြေပိုများကြောင်း လေ့လာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သူတစ်ပါးကျေးဇူးကို သိတတ်ခြင်းကို ချိုသာယဉ်ကျေးခြင်းဟု စကားဖြင့် ပြောဆိုမှု ရှိခဲ့သော်လည်း ချိုသာခြင်းတွင် လက်တွေ့ကျသော အကျိုးဆက်များ ရှိနေကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။
““ကျေးဇူးသိတတ်ခြင်းမှာ အချိုစားချင်တဲ့ ဘေးထွက်ဆိုးကျိုး ရှိနေပါတယ်”” ဟု ၀ါရှင်တန်ဖော်စတာ စီးပွားရေးကောလိပ်မှ ဈေးကွက် လေ့လာရေး ပါမောက္ခ မန်းရှလော့စာက ပြောဆိုခဲ့သည်။ ““သူတစ်ပါး ကျေးဇူးကို သိတတ်လေ အချိုစာတွေ စားချင်စိတ် များလေဖြစ်ကြောင်း တွေ့ရှိခဲ့ပါ တယ်”” ဟု ရှလော့စာက ပြောဆိုခဲ့သည်။
ချိုသာယဉ်ကျေးသော အပြုအမူများနှင့် လက်တွေ့ဘ၀ရှိ စားသောက်မှု ပုံစံများကြား ဆက်စပ်မှုရှိမရှိကို ရှလော်စာက သိရှိလိုခဲ့သည်။ ယင်းဆက်စပ်မှုကို သိရှိရန်အတွက် အလေ့လာခံများတွင် ကျေးဇူးတင်တတ်မှု၊ မုန်းတီးမှု၊ မာန်မာနတက်မှု အစရှိသည့် ခံစားမှုများ ရှိလာစေရန် လှုံ့ဆော်ခဲ့ပြီး၊ ယင်းအလေ့လာခံများ မည်သည့် အစားအစာများကို ပိုမိုစားသောက်သည်ကိုလည်း စောင့်ကြည့်ခဲ့သည်။ ထူးဆန်းစွာပင် ကျေးဇူးသိတတ်ခြင်းနှင့် အချိုစာစားခြင်းတို့ကြား ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။ သူတစ်ပါးကျေးဇူးကို သိတတ်သူများသည် အချဉ်၊ အစပ်၊ အငန်နှင့် အခါးပါသော အစားအစာများကို ရွေးချယ်လေ့မရှိကြောင်းကိုလည်း ဆက်လက် တွေ့ရှိခဲ့သည်။
““သူတစ်ပါးကျေးဇူးကို သိတတ်သူတွေဟာ သူတို့ ဒီလိုကျေးဇူး သိတတ်ခြင်းဖြင့် ကောင်းတာကို လုပ်နေတယ်လို့ သတိထားမိတတ်ကြတယ်လေ၊ သတိထားမိတတ်တဲ့အလျောက် အစားကောင်းကောင်းနဲ့ပဲ ထိုက်တန်တယ်လို့ ယူဆပြီး အချိုကိုပဲ စားကြတော့တာ”” ဟု ရှလော့စာက ပြောဆိုခဲ့သည်။
““အချိုစာ ကြိုက်နှစ်သက်သူများသည် အခြားလူများနှင့် ဆက်သွယ်မှုရှိသည်”” ဟု ယူဆသူများလည်း ဖြစ်ကြကြောင်း ရှလော့စာက ဆက်လက် တွေ့ရှိခဲ့သည်။ ““အခြားလူတွေနဲ့ စိတ်ချင်းနီးတယ်လို့ မှတ်ယူထားသူတွေဟာ အခြားလူတွေဆီက အကူအညီကို လက်ခံနိုင်ခြေ၊ ကြင်နာမှုတွေပါတဲ့ အပြုအမူတွေကို လုပ်နိုင်ခြေ ပိုများပါတယ်”” ဟု ရှလော့စာက ဆိုသည်။
ရှလော့စာသည် ၎င်း၏တွေ့ရှိမှုကို ““ကျေးဇူးသိမှု၏ ချိုသောအရသာ”” ဆိုသည့် အမည်ဖြင့် စားသုံးသူ စိတ်ပညာဂျာနယ်တွင် စာတမ်းတစ်စောင် ရေးသားခဲ့သည်။
Source:MD
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment