"သစ္စာတရားဆိုသည်မှာ"
ညတစ်ညမှာ ယောက်ျားတစ်ယောက် အရက်မူးမူးနဲ့ အိမ်ပြန်ရောက်လာပြီး ပစ္စည်းတွေကို ပစ်ပေါက်ရိုက်ခွဲနေရင်းက အော့အန်ပြီးတော့ ကြမ်းပြင်ပေါ်လဲကျသွားတယ်…… သူ့မိန်းမက သူ့ကို ဆွဲထူပြီး အခန်းထဲ ပို့ပြီးတဲ့အခါ အန်ဖတ်တွေနဲ့ ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းခဲ့တယ် ……
နောက်တစ်နေ့မနက်
ယောက်ျားနိုးလာတဲ့အခါမှာ မနေ့ညကအဖြစ်ကို စဉ်းစားပြီး သူ့မိန်းမ သူ့ကို အရမ်းစိတ်ဆိုးဒေါသထွက်နေပြီလို့ ထင်နေတယ်…… သူ့မိန်းမနဲ့ ရန်မဖြစ်ရပါစေနဲ့လို့လည်း ဆုတောင်းနေတာပေါ့ ……
ဒါပေမယ့်
သူအိပ်ယာကနေ ထထိုင်လိုက်တဲ့အခါ ဘေးကစားပွဲပေါ်မှာတင်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့လိုက်တယ် ……
“မနက်စာအတွက် ကို ကြိုက်တဲ့ မုန့်ဟင်းခါး စားပွဲပေါ်မှာ ပြင်ပေးထားတယ်နော် …… ၀ယ်စရာတွေရှိလို့ ဈေးသွားလိုက်ဦးမယ် …… ကို အလုပ်မသွားခင် အရောက်ပြန်လာခဲ့မယ် …… အရမ်းချစ်တယ် …”
စာကိုဖတ်ပြီးတဲ့အချိန်မှာ သူ အရမ်းအံ့သြသွားပြီး သူ့သားကို မေးလိုက်တယ် ..…
“မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ??”
သားက ပြန်ဖြေလိုက်တယ် ……
“မနေ့ညက အဖေ အရမ်းမူးပြီး လဲကျသွားတဲ့အချိန်မှာ အမေ အဖေ့ကို အိပ်ယာထဲ တွဲခေါ်လာပြီး အဖေ့ဖိနပ်တွေ၊ အကျီင်္တွေ ချွတ်ပေးနေတုန်း အဖေက မျက်စိတောင် မဖွင့်နိုင်ဘဲ ပြောလိုက်တယ်လေ ……
♥ ဟေ့ ကောင်မလေး! ငါ့ကို မထိနဲ့… ငါ့တစ်ယောက်တည်း ထားခဲ့ … ငါ့မှာ အိမ်ထောင်ရှိတယ်!! ♥ တဲ့ …”
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်ချစ်သူအပေါ် သစ္စာရှိပါ!!
သင်သာ သူ့ကို တကယ် တန်ဖိုးထားရင် သူလည်း သင့်တန်ဖိုးကိုသိပြီး သင့်ကို ပြန်တန်ဖိုးထားပါလိမ့်မယ်
Credit: ကြိုး
https://www.facebook.com/pages/%E1%82%80%E1%80%80%E1%80%AD%E1%80%B3%E1%80%B8/633670110068186
No comments:
Post a Comment