Thursday, August 6, 2015

"ရည်းစားဟောင်းကို မမေ့နိုင်ပဲ သတိတရရဖြစ်နေသူတွေအတွက် သူ့ကို ကိုယ့်ဘ၀ထဲက အမြန်ဆုံးထုတ်ပစ်နိုင်မယ့် နည်း (၁၀) သွယ်"


"ရည်းစားဟောင်းကို မမေ့နိုင်ပဲ သတိတရရဖြစ်နေသူတွေအတွက် သူ့ကို ကိုယ့်ဘ၀ထဲက အမြန်ဆုံးထုတ်ပစ်နိုင်မယ့် နည်း (၁၀) သွယ်"

ကိုယ်ချစ်ရတဲ့သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ကဖြတ်လိုက်သည်ဖြစ်စေ၊ ကိုယ့်ကိုထားခဲ့သည်ဖြစ်စေ သံယောဇဉ် ငြိတွယ်နေသေးသလား၊ မငြိတွယ်တော့ဘူးဆိုတာ ကိုယ်သာအသိဆုံးဖြစ်မှာပါ။ ဘယ်လိုအချက်တွေက သင် သူ့ကို သံယောဇဉ်မပြတ်သေးဘူးလဲဆိုတာ ထောက်ပြနေပါသလဲ။ ဥပမာ သူ့ကိုအကြောင်းရှာပြီး ဆက်သွယ်ချင်နေတယ်။ သူ့အိမ်မှာ ကိုယ့်ပစ္စည်း ဘာကျန်ခဲ့တယ်ဆိုတာကို အကြောင်းပြပြီး သူနဲ့တွေ့ဖို့ ဇာတ်လမ်းရှာချင်နေတယ်။ ဖုန်းခေါ်ချင်စိတ်တွေဖြစ်တယ်။ သူ့အလုပ်နား၊ ရုံးနား အကြောင်းမရှိအကြောင်းရှာသွားတယ်၊ သူ့အိမ်နားကို ကားပတ်မောင်းဖြစ်တယ်။ သူ့ဆီက တစ်ခုခုများ ကြားရမလားရယ်လို့ သူ့အခင်ဆုံး သူငယ်ချင်းတွေဆီလည်း ဖုန်းဆက်ရတာအမောပဲ။ ကဲ ဒီလိုအဖြစ်အပျက်တွေ ရှိလာပေမယ့် သူကတော့ သင့်ကို ပြတ်သားနေပြီ။ ဒါဆို သင့်ဘက်ကရော ဘယ်လိုလုပ်မှာလဲ။ ပြတ်သားချင်ပေမယ့် ပြတ်သားလို့ မရတာမျိုးလား။ သင် သူ့ကို ပြတ်သားလိုက်ချင်ပြီ။ မေ့ပစ်လိုက်ချင်ပြီဆိုတာ သေချာရင် ဒီနည်းလေးတွေအတိုင်းသာ လုပ်ဆောင်ကြည့်လိုက်ပါ။

၁။သင်ဘာတွေခံစားနေရနေရ ဒါကို လက်ခံလိုက်ပါ။

ခံစားချက်တွေက ကောင်းတာမျိုး ဆိုးတာမျိုး ဘာတွေဖြစ်နေဖြစ်နေ အတင်းဖျောက်ဖျက်ပစ်လို့ မရတာမို့ သူ့ကို သတိရနေရင် သတိရတယ် လက်ခံလိုက်ပါ။ ပြီးတဲ့အခါ ကိုယ့်ကိုယ်ကို နားလည်အောင် ကြိုးစားပါ။ ဘာလို့ သတိရနေတာလဲ ဆိုပြီး အပြစ်တင်စရာ မလိုပါဘူး။ အရင်ဆုံး စိတ်အေးချမ်းသွားအောင်သာ လုပ်ပါ။

၂။သီးခြားမနေပါနဲ့၊ တစ်ယောက်တည်း မနေပါနဲ့။

သူငယ်ချင်းတွေ၊ အပေါင်းအသင်း၊ မိသားစုတွေနဲ့ နွေးနွေးထွေးထွေးနေပါ။ သူတို့ကလည်း သင့်အတွက် ၀ိုင်းဝန်းဖေးမပေးကြမှာပါ။

၃။ဒိုင်ယာရီထဲမှာ အစီအစဉ်၊ လှုပ်ရှားမှုတွေနဲ့ အပြည့်ဖြစ်နေအောင် လုပ်ဆောင်ပါ။

နေ့ရက်တိုင်း၊ အပတ်စဉ်တိုင်းမှာ လုပ်ဆောင်မှုတွေ ရှိနေပါစေ။ အစီအစဉ်တွေ ရေးဆွဲပါ။ အဲ့ဒီအတိုင်းပြုမူနေထိုင်ပါ။

၎။အရင်က သတိရစရာတွေအားလုံး ၀ဲလိုက်ပါတော့။

သူပေးထားတဲ့ လက်ဆောင်၊ အရုပ်၊ ပို့စကတ် စတာတွေအားလုံးကို တစ်ယောက်ယောက်ကို ပေးရင်ပေး မပေးရင်လည်း လွှင့်ပစ်လိုက်ပါ။

၅။တတ်နိုင်သလောက် သူနဲ့ပတ်သက်တဲ့သူ၊ အရာရာတိုင်းနဲ့ ခပ်ဝေးဝေးနေလိုက်ပါ။

ဒါကတော့ ရှင်းပါတယ်၊ သင့်စိတ်တည်ငြိမ်မှု မရမချင်း သူနဲ့ သွားတွေ့တာမျိုး၊ သူ့မိသားစုနဲ့ တွေ့ဖြစ်နေတာမျိုး၊ သူ့ညီအစ်ကို မောင်နှမတွေနဲ့ ဆက်သွယ်နေတာမျိုး၊ ဖုန်းပြောတာမျိုး၊ အီးမေးလ်ပို့တာမျိုး၊ ချက်တာမျိုးတွေ မလုပ်မိလေ ကောင်းလေပါပဲ။

၆။သွားနေကျ နေရာတွေကို ရှောင်ပါ။

သူနဲ့အတူ သွားခဲ့ဖူးတဲ့ နေရာမျိုးတွေ မသွားမိပါစေနဲ့။ ဒါ့အပြင် အချစ်သီချင်းတွေလည်း နားမထောင်ပါနဲ့။

၇။စိတ်ထဲခံစားနေရတာတွေအားလုံးကို ချရေးပါ။

သင့်စိတ်ထဲ နာကျင်နေရတာတွေ၊ ပြောချင်တာတွေ၊ ခံစားနေရတာတွေ အားလုံးကို စာအုပ်တစ်အုပ်ထဲ အားလုံးချရေးပါ။ ဒါဟာ တစ်ဖြည်းဖြည်းနဲ့ ဝေဒနာကို ကုစားပေးသွားမယ့် အချက်တွေထဲက တစ်ခုပါပဲ။

၈။သင့်ရဲ့ပျော်ရွှင်မှုဟာ သင့်ရည်းစားဟောင်းပေါ် မူတည်နေတာ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သတိပေးပါ။

ကိုယ့်ဘ၀အတွက် ပျော်ရွှင်မှုဆိုတာ တခြားသူဆီမှာ မတည်မှီနေသင့်ပါဘူး။ ဒါကို နားလည်သဘောပေါက်အောင် ကြိုးစားရင် ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်းတီယူပါ။

၉။အသည်းကွဲတယ်ဆိုတာ နောက်တစ်ဖန် အသစ်တစ်ခုကို ဖန်တီးနိုင်ဖို့ အခွင့်အရေးဆိုတာ နားလည်ပါ။

စိတ်ရှုပ်စရာကောင်းတဲ့ အရာတွေထဲ ရစ်ဝဲနေမယ့်အစား အသစ်တစ်ခုကို ဖန်တီးပြီး ပျော်ရွှင်စွာနေသွားနိုင်မယ့် အခွင့်အရေးပါလားလို့ တွေးဖို့ လိုပါတယ်။

၁၀။လက်ရှိဖြစ်တည်နေတာ၊ ဖြစ်ပျက်နေတာတွေကိုသာ အာရုံစိုက်ပါ။

ခုလက်ရှိ ငါဘာတွေလုပ်နေလဲ၊ ဘာတွေဖြစ်နေပြီလဲ ဆိုတာကိုသာ ပိုအာရုံစိုက်နိုင်အောင် ကြိုးစားပါ၊ ပြီးခဲ့တာတွေကို လည်ပြန်ကြည့်ပြီး တသသ ဖြစ်နေစရာ မလိုပါဘူး။


ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment