Wednesday, May 13, 2015

"နင့်ရဲ့ချစ်သူ နင်မသိချင်ယောင်ဆောင်တာတွေကို ငါ့လို သီးခံနိုင်စွမ်း ရှိပါစေ"


"နင့်ရဲ့ချစ်သူ နင်မသိချင်ယောင်ဆောင်တာတွေကို ငါ့လို သီးခံနိုင်စွမ်း ရှိပါစေ"

နင်လက်တွဲမယ့် နင့်ချစ်သူ ..
ငါလို အပြစ်မရှိ အပြစ်ရှာ စိတ်ကောက် ရန်ဖြစ်တဲ့သူမဟုတ်ပဲ အရာရာမှာ နင့်အပေါ် သည်းခံပေးတတ်တဲ့သူ ဖြစ်ပါစေ !!!

နင်လက်တွဲမယ့် နင့်ချစ်သူ ..
ငါလို ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးမှာတောင်
နင့်အပေါ် သဝန်တိုတတ်တဲ့သူမျိုး မဟုတ်ပဲ
အစစအရာရာ နင့်အပေါ်
နားလည်မှု အပြည့်အဝရှိနေတဲ့သူ ဖြစ်ပါစေ !!!

နင်လက်တွဲမယ့် နင့်ချစ်သူ ..
ငါလို စကားများ ရန်တွေဖြစ်တိုင်း ပြတ်ပြီဟာ ဆိုပြီး အလွယ်တကူပြောတတ်တဲ့သူ မဟုတ်ပဲ နင့်စိတ်တိုင်းကျ နင့်အလိုလိုက်ပေးနိုင်သူ ဖြစ်ပါစေ !!!

နင်လက်တွဲမယ့် နင့်ချစ်သူ ..
ငါလို ဘယ်သူနဲ့ယှဉ်ယှဉ် အရာရာမှာ နင့်ကိုမျက်နှာငယ်စေတဲ့သူ မဟုတ်ပဲနဲ့
နင့်အသိုင်းအဝိုင်းက ဂုဏ်ယူနိုင်တဲ့သူ ဖြစ်ပါစေ !!!

Credit: Lwan Lay

No comments:

Post a Comment