"MPU ကတ်ဖြင့် ဖုန်းဘေလ်ဖြည့်နိုင်ပြီ"
ရန်ကုန်၊ မေ ၂၉
အွန်လိုင်းငွေပေးချေမှု စနစ် MPU (Myanmar Payment Union) ကတ်မှတစ်ဆင့် မိုဘိုင်းဖုန်းများအား ဘေလ် ဖြည့်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယင်းစနစ်ကို အသုံးပြုချင်သူများအနေဖြင့် www. 2c2p.com တွင်ဝင်ရောက်၍ Easy Bill အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲယူကာ မိမိမိုဘိုင်းဖုန်းတွင် ထည့်သွင်းထားရမည်ဖြစ်ကာ မိမိကိုင်ဆောင်သည့် MPU ကတ်နှင့် သက်ဆိုင်ရာဘဏ်တွင် စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။
မည်သည့်ဘဏ်မှထုတ်ထားသည့် MPU ကတ်မဆို အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းစနစ်ကို မေ ၂၆ ရက်မှစ၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
''မည်သည့်ဖုန်းငွေဖြည့်ကတ်မဆို ဖုန်းငွေဖြည့်ချင်တယ်ဆိုရင် သွားဝယ်နေ စရာမလိုတော့ဘူးပေါ့။ အက်ပလီကေးရှင်းထဲဝင်ပြီး ဖုန်းကတ်အမျိုးအစားရယ်၊ လိုချင်တဲ့ပမာဏရယ်၊ MPU ကတ်နံပါတ်ရယ် ရိုက်ထည့်ပြီး Pay လုပ်လိုက်တယ်ဆိုရင် အဆင့်ဆင့် ဖုန်းငွေဖြည့်ပေးသွားမယ့်သဘောပါပဲ'' ဟု MPU ၏ အမှုဆောင်အရာရှိ ဦးဇော်လင်းထွဋ်က ပြောသည်။
ယင်းဝန်ဆောင်မှုအား MPU နှင့် 2C2P ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် MPU အဖွဲ့ဝင် ဘဏ် ၂၂ ဘဏ် ရှိပြီး MPU ကတ်ထုတ်ထားသည့် ဘဏ် ၁၅ ဘဏ် ရှိကြောင်းသိရသည်။
စိုးမြင့်နိုင်
#TheFlowerNews
No comments:
Post a Comment