Sunday, May 24, 2015
"ကိုယ်ဝန်ဆောင်နေစဉ် ပါရာစီတမော သောက်သုံးမိပါက မွေးလာတဲ့ကလေး အန္တရာယ်ရှိနိုင်"
"ကိုယ်ဝန်ဆောင်နေစဉ် ပါရာစီတမော သောက်သုံးမိပါက မွေးလာတဲ့ကလေး အန္တရာယ်ရှိနိုင်"
မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ပါရာစီတမော သောက်သုံးခြင်းဟာ မမွေးရသေးတဲ့ ဗိုက်ထဲက ကလေးကို ထိခိုက်စေနိုင်တယ်လို့ ဆေးပညာကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
အကယ်၍ မွေးလာမယ့်ကလေးက ယောကျာင်္းလေးသာဆိုရင်တော့ ရေပန်းအစားဆုံး နာကျင်မှု ပျောက်ကင်းဆေးဖြစ်တဲ့ ပါရာစီတမောဟာ ထိုမွေးလာမယ့် ယောကျာင်္းလေးတွေကို မျိုးမအောင်ခြင်းကနေ ကင်ဆာရောဂါ အထိ ဘ၀တစ်လျှောက်လုံး ထိခိုက်စေမယ့် ရောဂါမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။
Edinburgh တက္ကသိုလ်က သုတေသီတွေ တိုက်တွန်းခဲ့တာကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ် ပါရာစီတမော သောက်မယ်ဆိုရင် ၂ ကြိမ် ၂ ခါ စဉ်းစားဖို့လိုလိမ့်မယ်ဆိုတာပါပဲ။ ပါရာစီတမော သောက်သုံးလိုက်လို့ နာကျင်မှုတွေ သက်သာသွားခဲ့တယ်ဆိုရင်လည်း ခဏတာလေးအတွင်းမှာ ထိရောက်မှု အနည်းငယ်ကိုသာ ရရှိမှာပါ။ မွေးလာမယ့် ကလေးငယ်ကတော့ ဘ၀တစ်လျှောက်လုံး ခံစားသွားရနိုင်ပါတယ်။
လေ့လာမှုများစွာကနေ သိခဲ့ရတာက ပါရာစီတမောဟာ သားအိမ်အတွင်းမှာပင် ရှိနေသေးတဲ့ ကလေးငယ်ရဲ့ အမျိုးသား မျိုးပွားစနစ် ဖွံ့ဖြိုးမှုကို နှောင့်ယှက် ဟန့်တားလိုက်ပါတယ်။ ထိုစနစ်ဟာ အရေးကြီးပါတယ်။ ထို စနစ်ရဲ့ ဖွံ့ဖြိုးမှုဟာ မိခင်သားအိမ်ထဲမှာ ရှိနေစဉ်ကတည်းက မှားယွင်းသွားခဲ့မယ်ဆိုရင် အသက်ကြီးလာတဲ့အခါ သန္ဓေအောင်လောက်အောင် မျိုးပွားခြင်းမှာ မစွမ်းဆောင်နိုင်တော့ပဲ ယောကျာင်္းလေးတစ်ယောက်အနေနဲ့ လူဖြစ် ရှုံးသွားရနိုင်ပါတယ်။
ပိုဆိုးတာက အမျိုးသားတွေရဲ့ အဖြစ်အများဆုံး ဝှေးစေ့နဲ့ဆိုင်တဲ့ (Testicular) ကင်ဆာရောဂါ အထိ ဖြစ်သွားစေနိုင်ပါတယ်။ဝှေးစေ့ အတွင်းမှာရှိတဲ့ အမျိုးသား မျိုးပွားစနစ်ရဲ့ အဓိက ဟော်မုန်းကို Testosterone လို့ ခေါ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်ဆောင်နေစဉ်မှာ ပါရာစီတမော သောက်သုံးလိုက်မယ်ဆိုရင် သားအိမ်ထဲက မမွေးသေးတဲ့ ကလေးငယ် (ယောကျာင်္းလေး) ရဲ့ အမျိုးသား မျိုးပွားစနစ် ဖွံ့ဖြိုးမှုမှာ Testosterone ဟော်မုန်း ပမာဏကို ပါရာစီတမောက လျော့ချပစ်လိုက်မှာ ဖြစ်ပါတယ်။
ထိုလေ့လာမှုကိုတော့ Edinburgh တက္ကသိုလ်က Dr Rod Mitchell ဦးဆောင်တဲ့ အဖွဲ့က ကြွက်တွေနဲ့ စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ မိခင်လောင်းကြွက်တွေကို ပါရာစီတမော တိုက်ကျွေးလိုက်တဲ့အခါ မွေးလာတဲ့ ကြွက်အထီးတွေရဲ့ အမျိုးသားမျိုးပွား စနစ်ဟာ ဖွံ့ဖြိုးမှု မရှိတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
Credit: Thithtoolwin
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment