Sunday, May 24, 2015
"အီဖယ် မျှော်စင် အကြောင်း သိကောင်းစရာများ"
"အီဖယ် မျှော်စင် အကြောင်း သိကောင်းစရာများ"
အီဖယ်မျှော်စင်ဟာ ပြင်သစ်နိုင်ငံအတွက် ထင်ရှားသောဗိသုကာဆိုင်ရာ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။
အီဖယ်မျှော်စင်ကို ၁၈၈၉ ခုနစ်တွင် ပြင်သစ်နိုင်ငံတော်လှန်ရေး နှစ်တစ်ရာပြည့်ကို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ပါတယ်။
ပြင်သစ် အင်ဂျင်နီယာ Gustave Eiffel ဒီဇိုင်းဆွဲပြီး တည်ဆောက်ထားသောကြောင့်  Gustave Eiffel လို့ ခေါ်ဆိုကျပါတယ်။
အီဖယ်မျှော်စင်ဟာ အမြင့် ပေ ၁၀၅၀ ရှိပြီး.. လူလုပ်ထားသော အဆောက်အဦးများထဲတွင် အမြင့်ဆုံးဖြစ်ပါတယ်။
အီဖယ်မျှော်စင်ကို သံဖြင့် ပြုလုပ်ထားပြီး အလေးချိန် တန် ၁ သောင်းကျော်ရှိတယ်။ သံချေးတတ်ခြင်းမှ ကာကွယ်ရန်အတွက် အီဖယ်မျှော်စင်ကို ၇ နှစ်တစ်ခါ ဆေးသုတ်လေ့ရှိပါတယ်။
နေရောင်ခြည် အပူဒဏ်ကြောင့် အီဖယ်မျှော်စင်ဟာ ဆောက်ထားတာထက် ၆ လက်မခန့်  ပိုမို ကြီးထွားသွားပါတယ်။
အီဖယ် မျှော်စင်တွင် အလွန်ကြီးမားသော ဓာတ်လှေကား ၂ခု ရှိကာ အလည်လာရောက်သူများကို အပေါ်ဆုံးထပ်သို့ ပို့ဆောင်လျက်ရှိပါတယ်၊ ထိုဓာတ်လှေကား၂ ခုဟာ တစ်နှစ်လျှင် ကီလိုမီတာ ၁သိန်း ၃ထောင် ကျော် ကမ္ဘာ ၂ပတ်ခွဲ ပတ်စာနှင့် ညီမျှအောင် မောင်းနှင်ရလေ့ရှိပါတယ်။
အီဖယ်မျှော်စင်တွင် စားသောက်ဆိုင် ၂ခု၊ ဘူဖေးအစားအစာများ၊ ကျယ်ဝန်းသောခန်းမကြီး၊ ရှန်ပိန်ဘားနှင့် အမှတ်တရ လက်ဆောင်ဆိုင်များလည်း ရှိပါတယ်။
တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာကြောင့် ကမ္ဘာလှည့်ခရီးသည်များ အချိန်မရွေး သွားရောက်လည်ပတ်နိုင်တဲ့ နာမည်ကျော် နေရာတစ်ခုဖြစ်ပါတယ်။
Credit: Thithtoolwin
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment