Sunday, May 24, 2015

" ပန်းရောင်ခို "


" ပန်းရောင်ခို "

 ဗြိတိနိုင်ငံ၊ အင်္ဂလန်ကျွန်းတောင်းဘက် ကမ်းရိုးတန်းဒေသရဲ့ မြို့ငယ်လေးမှာ ပန်းရောင်ခိုတစ်ကောင်ကို တွေ့ကြပါတယ်။ ယင်း ခိုကို ဖမ်းလည်းမဖမ်းကြပါဘူး။ ဒါကြောင့်မို့ မွေးရာပါ သဘာဝကြောင့် ပန်းရောင်ထွက်နေတာလား အရောင်ဆိုးပေးထားတာလားဆိုတာ လူတွေ မေးခွန်းထုတ်နေကြပါတယ်။

ဘာပဲဖြစ်ဖြစ် ခိုလေးကတော့ လှနေတာအမှန်ပါပဲ။ အချို့ကျတော့လည်း သူ့ကို ပန်းရောင်သန်းအောင် အစားအစာတစ်မျိုး ကျွေးလို့ ဖန်တီးယူထားခြင်း ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ ပြီးတော့ ခိုဟာ အမွှေးအမျှင်များကို သေချာ ရိတ်ထားပေးတာကြောင့် သူဟာ ဘေးမဲ့မဟုတ်ပဲ ပိုင်ရှင် တစ်ယောက်ယောက်ရဲ့ ဂရုစိုက်မှုအောက်ကနေ လွတ်လာတဲ့ ခို ဖြစ်နိုင်ကြောင်းလည်း ဆိုပါတယ်။

အချို့ကျတော့ သူ့ကို မျက်လှည့်ပြပွဲတွေမှာ ဖျော်ဖြေရန် အသုံးချတဲ့ခိုအဖြစ် မြင်ကြပါတယ်။
သူ့ကို မြင်သူများအနေနဲ့ ဓာတ်ပုံများရိုက်လို့ အင်တာနက်ပေါ် တင်တဲ့အခါ လူကြိုက်များ လူကြည့်များ ဓာတ်ပုံတစ်ပုံ ဖြစ်လာပါတယ်။


Credit : innewsmyanmar

No comments:

Post a Comment