Thursday, May 21, 2015

"ကြက်ဥကို အကျိုးရှိရှိ သုံးနိုင်ဖို့..."


"ကြက်ဥကို အကျိုးရှိရှိ သုံးနိုင်ဖို့..."

အာဟာရဓာတ်ပြည့်စုံတဲ့ ကြက်ဥဟာ လွယ်လွယ်ကူကူ ၀ယ်ယူ စားသောက်နိုင်တာကြောင့် အဓိက စားစရာတစ်မျိုးအဖြစ် အိမ်တိုင်းလိုလို စားသုံးကြပါတယ်။ သို့သော်လည်း ကြက်ဥနဲ့ ပတ်သက်တဲ့ အံ့ဖွယ် အသုံးဝင်ပုံတွေကို လူတိုင်း မသိနိုင်တာကြောင့် ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

စေးစေးပျစ်ပျစ် ကြက်ဥအကာတွေက သားရေ (လယ်သာ) ပစ္စည်းတွေ ညစ်ပေတာတွေ သန့်စင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ကြက်ဥအကာနဲ့ ညင်သာစွာ ပွတ်တိုက်ပေးမယ်ဆိုရင် သန့်ရှင်းတောက်ပြောင်ပြီး အသစ်လို ဖြစ်စေပါတယ်။

ကြက်ဥအကာကို ထုခြေကာ မြေဆွေးနဲ့ရောပြီး သစ်ပင်လေးတွေထဲ ထည့်ပေးရင် အပင် ကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့အပြင် ကြက်ဥခွံအကွဲအကြေတွေကို စိုက်ခင်းထဲပစ်ထားရင် ပိုးကောင် မွှားကောင်တွေ၊ ခရု၊ ပက်ကျိ ကောင်တွေ မလာဘူးလို့ ဆိုပါတယ်။ ပြတ်ရှဒဏ်ရာဖြစ်လို့ ပတ်တီးအလွယ်တကူမရှိရင် ကြက်ဥ အမြှေးပါးလေးနဲ့ ကပ်ပေးတာဟာ သွေးအမြန်တိတ်စေပြီး အနာကျက်မြန်စေပါတယ်။

အနုပညာ ဓာတ်ခံရှိသူဆိုရင်တော့ ကြက်ဥအခွံလေးတွေပေါ်မှာ ရုပ်ပုံလေးတွေဆွဲပြီး အိမ်တွင်းအလှဆင်နိုင်တာကြောင့် ဒီလိုလုပ်ဖို့ စိတ်ကူးရင်တော့ ကြက်ဥခွဲတဲ့အခါ ပညာသားပါပါ ခွဲဖို့တော့ လိုအပ်ပါတယ်။

ကြက်ဥပြုတ်ပြီးတဲ့အခါမှာလည်း ကြက်ဥပြုတ်ထားတဲ့ရေကို ဒီအတိုင်းသွန်မပစ်ဘဲ အအေးခံထားပြီး သစ်ပင်ရေလောင်းလို့ရပါတယ်။ အဲဒီရေထဲမှာ အာဟာရဓာတ်တွေရှိနေလို့ အလဟဿ အဆုံးရှုံးမခံသင့်ပါဘူး။


Credit: 7 Day Daily

No comments:

Post a Comment