Sunday, May 24, 2015
လူတစ်ယောက်ကိုချစ်မိသွားတဲ့အခါ ……
လူတစ်ယောက်ကိုချစ်မိသွားတဲ့အခါ ……
သူအနားမှာနေပြီး သူ့လိုအပ်ချက်လေးတွေကို အမြဲ
ဖြည့်ဆည်းပေးနေရတာကို ကျေနပ်နေတတ်ပါတယ်..
သူကြောင့် နာကျင်နေရတာတောင် ခွင့်လွှတ်ပေးနေတတ်ပါတယ်...
ကိုယ့်အတွက်ဆိုတာထက် သူ့အတွက် လုပ်ပေးနေရတာကို ပိုကျေနပ်နေတတ်ပါတယ်...
တစ်ခါတစ်လေ နားလည်မှုအလွဲလေးတွေနဲ့ စိတ်ဆိုးမိကြရင်တောင် မနေနိုင်ပဲစပြန်ခေါ်တာ ကိုယ်ဖြစ်နေတတ်ပါတယ်...
သူ့ရဲ့အသံမဲ့တဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို အလိုလိုနားလည်နေတတ်ပါတယ်...
သူ မပျော်ရွှင်ရင် ကိုယ်လဲဝမ်းနည်းနေတတ်ပါတယ်...
တစ်ခါတစ်လေသူ့ကြောင့် မျက်ရည်ကျခဲ့ရရင်တောင် တစ်ခါမှ စွန့်လွှတ်ပစ်လိုက်ဖို့အတွေးတွေ မတွေးတတ်ပါဘူး...
ဘယ်လိုသောအကြောင်းကိစ္စတွေနဲ့ပဲကြုံကြုံ သူ့ရဲ့လက်ကို မလွှတ်ချပဲ သူ့ရဲ့အနားမှာ တွယ်ကပ်နေတတ်ပါတယ်...
Credit: Lwan Lay
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment