Thursday, May 21, 2015

"ကားပေါ်မှာ ချစ်တင်းနှီးနှောနေစဉ် မြစ်ထဲကို ကားပြုတ်ကျပြီး အမျိုးသမီးသေဆုံး"

"ကားပေါ်မှာ ချစ်တင်းနှီးနှောနေစဉ် မြစ်ထဲကို ကားပြုတ်ကျပြီး အမျိုးသမီးသေဆုံး"

အမျိုးသမီး တစ်ယောက်ဟာ သူ့ရဲ့ချစ်သူ အမျိုးသားနဲ့ ကားပေါ်မှာ ချစ်တင်းနှီးနှောနေစဉ်မှာ ကားဟာ မြစ်ထဲကို လိမ့်ကျသွားခဲ့ပြီး ထို အမျိုးသမီးလည်း ရေနစ်သေဆုံးသွားခဲ့ပါတယ်။

ထို စုံတွဲဟာ ရုရှားနိုင်ငံမှာရှိတဲ့ Kuban မြစ်နားကို ပျော်ပွဲစားထွက်လာပြီး အရက်သောက်နေခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့စုံတွဲဟာ Vaz-2115 လို့ခေါ်တဲ့ ရုရှားနိုင်ငံထုတ် ကားထဲမှာ စတင် ချစ်တင်းနှီးနှောခဲ့ကြပြီး ကားရဲ့ အရေးပေါ် ရပ်နားကိရိယာ(Hand Brake) ကို နေရာမှန်ရောက်အောင် မထားမိဘူးဆိုတာကို သူတို့ ၂ ယောက်လုံး သတိမပြုမိခဲ့ကြပါဘူး။

အဲဒီနောက်မှာ မော်တော်ကား ဟာ နောက်ပြန် လိမ့်သွားရာကနေ မြစ်ထဲကို ပြုတ်ကျခဲ့တာဖြစ်တယ် လို့ LifeNews.ru ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အမျိုးသားဖြစ်သူကတော့ ကားမှန်ပြတင်းပေါက်ကို ခြေထောက်နဲ့ ကန်ပြီး လွတ်မြောက်ခဲ့ပေမယ့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးကတော့ ၀မ်းနည်းစွာနဲ့ပဲ ရေထဲမှာ သေဆုံးသွားခဲ့ပါတယ်။

တာဝန်ကျရဲဝန်ထမ်း Natalia Smyatskoy ရဲ့ ပြောကြားချက်အရတော့ အခင်းဖြစ်ပွားရာနားမှာ အရက်ပုလင်းမြောက်များစွာကိုလည်း တွေ့ခဲ့ရပြီး အမျိုးသားအနေနဲ့  အရက်သောက်ထားတဲ့ အရှိန်ကြောင့် အမျိုးသမီးကို မကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref:mirror.co.uk

Credit: Trend Myanmar

No comments:

Post a Comment