Sunday, May 24, 2015

"ဂရုစိုက်သော ယောင်္ကျားဆိုတာ"


"ဂရုစိုက်သော ယောင်္ကျားဆိုတာ"

ကိုယ့်ကို ဂရုစိုက်တဲ့ ယောင်္ကျားဆိုတာဟာ ဘယ်လိုသူဖြစ်လိမ့်မလဲ။

မင်္ဂလာပါ …
မနက်ကတည်းက အိပ်ယာကထတာနဲ့ ချစ်တယ်လို့ မပြောရုံတမယ်၊ ကိုယ့်ကို ဂရုတစိုက် အိပ်ယာမှ နှိုးပေးသောသူ။

စိတ်ချမ်းသာအောင်ထားမှာပါ …
ယောင်္ကျားလေးတွေဟာ ကိုယ်ချစ်တဲ့မိန်းကလေးအတွက် ဟင်းပဲချက်ပေးရမလား ဘာပဲလုပ်ရလုပ်ရ ဖြည့်စီးပေးတတ်သူ။

မထင်မှတ်သောအရာကို လုပ်ပေးချင်ပါတယ် …
ဘာရယ်လို့မဟုတ်ပဲပင် သေးသေးမွှားမွှား ကိစ္စလေးတွေကိုလုပ်ပြီး မိန်းကလေးတွေကို အံ့သြသွားအောင် လုပ်ပေးနိုင်သောသူ။

အတူတူမရှိပင်မဲ့လည်း ရင်ထဲမှာ အမြဲရှိနေပါတယ် …
ဖြစ်နိုင်ရင် ဘယ်အချိန်မဆို အတူတူရှိနေချင်ပင်မဲ့လည်း အကြောင်းကြောင်းကြောင့် အတူတူမရှိပင်မဲ့လည်း အချိန်ကို ရအောင်ယူပြီးတော့ မိန်းကလေးကို တွေ့ပေးသောသူ။

ဘာကိုလုပ်မလဲဆိုတာကို အမြဲတမ်း တိုင်ပင်လျက်ပါ …
နှစ်ယောက်သား ဘာကိုလုပ်လုပ် တိုင်တိုင်ပင်ပင် လုပ်မယ်ဆိုတာကို သတ်မှတ်ထားပြီး ဒါကို အလေးထားပြီး လုပ်ပေးနေသောသူ။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်အတွက် တိုင်ပင်မှာပါ …
ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချရတော့မဲ့အချိန်မှာ သူက မိန်းကလေးကို ရဲရဲဝံ့ဝံ့ ဖွင့်ပြောတိုင်ပင်နိုင်သောသူ။

ဖွက်ထားတာတွေ မရှိပါ …
လျှိ့ဝှက်ထားတာတွေလည်း မရှိသလို၊ ဖုံးဖွက်ထားရမဲ့ ကိစ္စတွေလည်း မရှိသောသူ။

အရှိအတိုင်းကို ချစ်တာပါ …
ဥစ္စာ၊ ပစ္စည်း၊ လှပအောင်ချယ်သထားတဲ့ မိန်းကလေးရဲ့မျက်နှာကို ကြိုက်လို့ချစ်နေတာမဟုတ်ပဲ မိန်းကလေးရဲ့ အရှိအတိုင်းကို ချစ်သောသူ။

နေ့စဉ်ဖြစ်ခဲ့တဲ့အကြောင်းလေးတွေကို ပြောမိတယ် …
နေ့စဉ် ဖြစ်ခဲ့တဲ့အကြောင်းလေးတွေကို မိန်းကလေးအတွက် ပြောပြပေးတဲ့သူ။

ဝမ်းနည်းအောင် မလုပ်ပါ …
မိန်းကလေး ဝမ်းနည်းအောင်၊ မျက်ရည်ကျအောင် မလုပ်သောသူ။

အပြန်အလှည် အပေးအယူရှိနေပါတယ် …
အချစ်ရေးမှာ အချစ်ခံချင်တယ်တစ်ခုတည်း မဟုတ်သလို၊ ကိုယ်ကလည်း သူကိုနားလည် ခွင့်လွှတ်နိုင်သောသူ

အမြဲတမ်း နေရာပေးလျက်ပါ …
မိန်းကလေးအတွက်ကို အမြဲတမ်း စဉ်းစားပြီး နေရာပေးတဲ့သူ။

အန္တရာယ်မှာ ကာကွယ်ပေးနေပါတယ် …
မိန်းကလေးအပေါ်မှာ ဖြစ်လာမယ့် ပြသာနာတွေ၊ ဒုက္ခတွေကို ဦးစီပြီး ဖြေရှင်းပေးမည့်သူ။

ဂတိစကားကို မဖျက်တတ်ပါ …
မိန်းကလေးကို ပေးထားတဲ့ဂတိကို မေ့သွားမှာ မဟုတ်သလို၊ ဆက်လက်ပြီးတော့လည်း ထိန်းသိမ်းရင် ကြိုးစားနေသူ။

လေးစားပါတယ် …
ချစ်သူတစ်ယောက်အနေနဲ့ရော၊ မိန်းကလေးတစ်ယောက်အနေနဲ့ရော လေးစားစွာ ဘဝရဲ့ လက်တွဲဖော်ကို လက်တွဲပြီး ခေါ်ဆောင်သွားမည့်သူ။


Credit: Chelmo Team

No comments:

Post a Comment