Sunday, May 31, 2015

လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား"


လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား"


ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာသုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်လာနိုင်ပါသည် ။

သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြုသင့်ကြောင်းကို သုတေသီများကလည်း အကြံပြုထားပါသည် ။

ညဖက်တွင် အသုံးပြုနေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့် ဖြစ်ပါတယ်။ မျက်စိ အမြင်အာရုံကို အယ်လ်အီးဒီမီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်းဓာတ်ကို ပျက်ပြယ်သွားစေပြီး အိပ်ချင်စိတ် ပျောက်သွားတက်ပါသည် ။

လူတစ်ယောက်သည် အိပ်ချင်စိတ် ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့် အတူ အိပ်စက်ခြင်း မရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်း ပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါသည်။

အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို၊ နှလုံး၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြတ်ရောဂါအထိ ရရှိနိုင်ပါသည်။

ဒါကြောင့် သင်သည် မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်းမပြုမိ အသုံးပြုလေ့ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြုသင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ။


Credit : Mg Mandalay

No comments:

Post a Comment