Thursday, May 28, 2015
"သင့်ကိုတကယ်ချစ်တဲ့လူဆိုရင်"
"သင့်ကိုတကယ်ချစ်တဲ့လူဆိုရင်"
သင်နဲ့အဆက်သွယ်မရတဲ့ခဏ ဖုန်းတွေဆက်
ဘာတွေများလုပ်နေမလဲလို့ စိတ်တွေပူနေမှာပါ...
သင့်မျက်နှာမရွှင်လန်းတာတောင် သူ့အတွက် အနေခက်နေတတ်တာပါ...
သင့်ရဲ့လိုအပ်ချက်လေးတွေကို တတ်နိုင်သလောက်
ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတတ်တာပါ...
သူ့မှာ သင့်ကို စိတ်ချမ်းသာစေချင်တဲ့စိတ် အပြည့်ရှိတာပါ...
တစ်ခါတစ်လေ အဆင်မပြေမှုလေးတွေနဲ့ စိတ်ဆိုးကြရင်တောင် အရင်ပြန်ချော့ဖို့ ၀န်မလေးတတ်ပါဘူး...
ကိုယ့်ရဲ့အတိတ်တွေကို တတ်နိုင်သလောက် မေ့ပစ်နိုင်အောင် ကြိုးစားပါလိမ့်မယ်...
ကိုယ့်ရဲ့ခံစားမှုတွေကို ပြောမပြပဲ အလိုလိုသိနေတတ်ပါလိမ့်မယ်...
သူ့မှာ ကိုယ့်ရဲ့အခက်ခဲတွေကို အတူရင်ဆိုင်နိုင်တဲ့ခွန်အားရှိပြီး ပျော်ရွှင်စရာတွေကို ထပ်တူပျော်ရွှင်ပေးဖို့ စွမ်းအားတွေ ရှိတတ်ပါတယ်...
ဒါတွေအားလုံးဟာ တကယ်ချစ်မိတဲ့စိတ်တွေနဲ့ ထပ်တူဖြစ်လာတတ်တာမျိုးပါ...
Credit: Lwan Lay
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment