Friday, May 22, 2015

" အချစ်ဦးနဲ့ အချစ်ဆုံး "


" အချစ်ဦးနဲ့ အချစ်ဆုံး "

အချစ်ဦး
အချစ်ဦးဆိုတာ ဘယ်သူလဲ???
စိတ်လှုပ်ရှားတတ်တဲ့အရွယ်
အချစ်ကိုစမ်းတ၀ါးဝါးနဲ့ စူးစမ်းတတ်တဲ့အရွယ်မှာ
ဆုံဆည်းခဲ့ရသူကို "အချစ်ဦး" လို့ ခေါ်ကြတယ်လေ…

အချစ်ဆုံး
အချစ်ဆုံးဆိုတာကကောဘယ်သူလဲ???
အရာရာကိုကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အရွယ်မှာ နှလုံးသားကော၊ ဦးနှောက်ကပါ
လက်ခံအသိအမှတ်ပြုတဲ့သူကို "အချစ်ဆုံး" လို့ ခေါ်နိုင်တယ်လေ…

အချစ်ဦး
အချစ်ဦးတွေအပေါ် ထားတတ်တဲ့စိတ်ခံစားမှုက မတည်ငြိမ်ဘူး၊ မရေရာဘူး
ကောက်ရိုးမီးလို တစ်ချိန်သာ ၀ုန်းခနဲထတောက်တတ်တာမျိုးပါ…

အချစ်ဆုံး
အချစ်ဆုံးတွေအပေါ် ထားရှိတဲ့စိတ်ကတော့ လေးနက်တယ်၊ မပြောင်းလဲဘူး၊ ခိုင်မာမှုရှိတယ်
ဘယ်သောအခါမှ ထတောက်တတ်တာမျိုးမဟုတ်ပဲ တမြေ့မြေ့ လောင်ကျွမ်းတတ်တာမျိုးပါ…

အချစ်ဦး
အချစ်ဦးတွေရဲ့နောက်မှာ နောက်ထပ် နောက်ထပ်သော အချစ်သစ်တွေ အချိန်မရွေးပေါ်လာနိုင်ပြီး
အချိန်မရွေး ပြောင်းလဲသွားနိုင်တဲ့ အခြေအနေတွေရှိတယ်…

အချစ်ဆုံး
အချစ်ဆုံးလို့ သေချာသွားတဲ့နောက်မှာ သူ့နေရာကို ဘယ်လိုလူမျိုးနဲ့မှ အစားထိုးလို့မရနိုင်တော့ဘူး
အချိန်တွေပြောင်းလဲသွားပေမယ့် ခံစားချက်တွေမပြောင်းလဲတတ်ဘူး ထာဝရအရိပ်ထင်နေတတ်တယ်…

အချစ်ဦးနဲ့အချစ်ဆုံး
အချစ်ဦးနဲ့အချစ်ဆုံး ထပ်တူကြပြီး လက်တွဲခွင့်ရသူတွေဟာ သိပ်ကိုကံကောင်းလွန်းတဲ့သူတွေပါ …

ချစ်တဲ့သူငယ်ချင်းအားလုံး ကံကောင်းဖို့
ဆုတောင်းပေးမယ်
"အချစ်ဦး" နဲ့ ဆုံဆည်းနိုင်ပါစေ
"အချစ်ဆုံး" နဲ့ လက်တွဲနိုင်ပါစေ
"အချစ်ဦးနဲ့အချစ်ဆုံး" ထပ်တူကျနိုင်ပါစေနော် ……


Credit: Lwan Lay

No comments:

Post a Comment