Sunday, May 31, 2015
"ချစ်သူကိုသာ စွန့်မည်၊ ဖုန်းကိုတော့ မစွန့်နိုင်"
"ချစ်သူကိုသာ စွန့်မည်၊ ဖုန်းကိုတော့ မစွန့်နိုင်"
ဗြိတိန်နိုင်ငံသား သုံးပုံတစ်ပုံသည် ချစ်သူနှင့် မိုဘိုင်းဖုန်းတို့အနက် တစ်ခုခုကို ရွေးချယ်ရမည်ဆိုပါက မိုဘိုင်းဖုန်းကိုသာ ရွေးချယ်ကြမည်ဖြစ်ကြောင်း စစ်တမ်းတစ်ခုအရ သိရသည်။
ကာစီနို Leo Vegas.com အတွက် လူ (၁၀၀၀) ကို စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ စစ်တမ်း ဖြေဆိုသူများအား ငွေ ဘယ်ရွေ့ဘယ်မျှ ရမည်ဆိုလျှင် စမတ်ဖုန်းကို တစ်နှစ်မသုံးဘဲ နေမည်နည်း ဆိုသည့်မေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ဖုန်းအသုံးပြုသူ အများစုသည် ၎င်းတို့၏ မိုဘိုင်းဖုန်းများကို တစ်နှစ်ကြာ အသုံးမပြုဘဲ မနေနိုင်ကြောင်း ပြောဆိုခဲ့သည်။ ပေါင် (၅၀၀၀၀) ရလျှင်တောင် ဖုန်းကို မစွန့်ပစ်ပါဟု စစ်တမ်းဖြေဆိုသူ (၃၄) ရာခိုင်နှုန်းက ပြောဆိုခဲ့သည်။ (၇) ရာခိုင်နှုန်းက ပေါင်တစ်သန်းရမှ သာလျှင် ဖုန်းကို တစ်နှစ် အသုံးမပြုဘဲနေ ပေးမည်ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ငွေဘယ်ရွေ့ဘယ်မျှ ရမည်ဆိုလျှင် ချစ်သူကို တစ်နှစ် စွန့်ပစ်ထားရမည် ဖြစ်ပြီး တစ်နှစ် ပြည့်လျှင်လည်း ၎င်းချစ်သူကို ပြန်ရနိုင်ဖွယ်မရှိသည့် အခြေအနေကို လက်ခံပေးမည်နည်းဟု မေးမြန်းပြန်ရာ (၁၄) ရာခိုင်နှုန်းက ပေါင် (၅၀၀) ပေးလျှင်ပင် လက်ခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လူလူငြိမ်း
Credit: messenger
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment