Saturday, May 23, 2015

တို့နှစ်ယောက်အချစ်တွေကို ဘာတွေကမှ မတားဆီးနိုင်"

"တို့နှစ်ယောက်အချစ်တွေကို ဘာတွေကမှ မတားဆီးနိုင်"

အခုချိန်မှာ ငါတို့ချစ်သူနှစ်ယောက်
ဝေးကွာနေရတာက ငါတို့တွေ
တစ်ယောက်အပေါ်တစ်ယောက်
ဘယ်လောက်ချစ်တယ်ဆိုတာကို
ဝေးကွာခြင်းနဲ့ စမ်းသပ်နေတယ်လို့ 
သဘောထားလိုက်ကျရအောင်နော် ....


အခုချိန်မှာ ငါတို့ချစ်သူနှစ်ယောက်
အလွမ်းတွေကို ခံစားနေရတာဟာ
ငါတို့အချစ်တွေအပေါ်
ဘယ်လောက် ခံနိုင်ရည်ရှိတယ်ဆိုတာကို
အလွမ်းတွေနဲ့ စမ်းသပ်နေတယ်လို့
တွေးလိုက်ကျရအောင်နော် ....

အခုချိန်မှာ ငါတို့ချစ်သူနှစ်ယောက်
ပြန်မဆုံနိုင်သေးတာက
နောင်တစ်ချိန်မှာ ငါတို့
တစ်သက်လုံးနီးစပ်ရဖို့အတွက်
အခုချိန်ကခဏတာ ဝေးကွာနေပေးရတာလို့
သတ်မှတ်လိုက်ကျရအောင်နော် ....


ငါတို့ တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့အချစ်က
အချစ်စစ်မှန်ရင် ဝေးကွားခြင်းဆိုတာက
ငါတို့ အချစ်တွေကို
မတားဆီးနိုင်ပါဘူး ချစ်သူရယ် ....


Credit: Lwan Lay

No comments:

Post a Comment