Monday, May 25, 2015
" ဘယ်သူမုတ်ဆိတ် အလှဆုံးလဲ "
" ဘယ်သူမုတ်ဆိတ် အလှဆုံးလဲ "
ရှည်လျားပြီး ထူးဆန်းတဲ့ မုတ်ဆိတ်တွေကို တစ်စုတစ်ဝေးတည်း မြင်ချင်တယ် ဆိုရင်တော့ ဟန်ဂေရီနိုင်ငံကို သွားရောက်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ဂေရီနိုင်ငံ၊ မြို့တော် ဘူဒါပက်ရဲ့ တောင်ပိုင်း၊ ကီစတန်ဖီလက်ဟာဇာမြို့မှာ မုတ်ဆိတ်အလှပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီပွဲတော်ကို (၇) ကြိမ်မြောက်အဖြစ် ကျင်းပခဲ့တာဖြစ်ပြီး ထူးခြားတဲ့ မုတ်ဆိတ်တွေကို အများအဟြး မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။
မုတ်ဆိတ်မွေးထားသူတွေဟာ အသက်အရွယ်ကြီး ရင့်ခြင်း၊ ညစ်ပတ်တဲ့ပုံစံ ပေါက်နေခြင်း စတာတွေကြောင့် အများစုက နှစ်သက်ခြင်း မရှိပါဘူး။ ဒါပေမဲ့ ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်သူတွေဟာ နှစ်ပေါင်းများစွာ ထားရှိခဲ့တဲ့ မုတ်ဆိတ်မွေးတွေကို စနစ်တကျ လှပစွာ ပြုလုပ်ပြီး ပြိုင်ပွဲဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ရောက်သူတွေဟာ ကြီးမားတဲ့ ဆုတွေမရကြပေမယ့် အမြတ်တနိုးထားတဲ့ မုတ်ဆိတ်တွေကို ပြသလိုတဲ့ စိတ် တစ်ခုတည်းကြောင့် ပြိုင်ပွဲဝင်ရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ နှာမောင်းပုံစံမုတ်ဆိတ်၊ စစ်သူကြီး နာပိုလီယံပုံစံမုတ်ဆိတ်၊ လက်ကိုင်ပုံစံ မုတ်ဆိတ် စသဖြင့် မမြင်ဖူးတဲ့ မုတ်ဆိတ်တွေကို မြင်ရမှာဖြစ်ပြီး၊ ဟန်ဂေရီနိုင်ငံသားတွေအပြင် ဂျာမနီနိုင်ငံသားတွေလည်း လာရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မုတ်ဆိတ်မွေး ထားခြင်းဟာ ရောဂါပိုးမွှားတွေကို သိမ်းဆည်းထားခြင်း ဖြစ်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
အေသင်အောင် - Messenger News Journal
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment