Tuesday, May 26, 2015
"မိုးတွင်း သတိထားစရာ မှို အဆိပ်သင့်ခြင်း"
"မိုးတွင်း သတိထားစရာ မှို အဆိပ်သင့်ခြင်း"
မိုးဦးရာသီတွင် ထွက်ပေါ်လာသည့် မှိုအများစုမှာ အဆိပ်အတောက် ဖြစ်စေနိုင်ပါသည်။ မိမိမသိသော မစားဘူးသော အရောင်းအသွေးမျိုးစုံဖြင့် မှိုများကို လုံးဝမစားပါနှင့်။ အဆိပ်သင့်မှို စားပြီး နာရီဝက်မှ သုံးနာရီအတွင်းမှာ ဗိုက်အောက်ခြင်း၊ ခေါင်းမူးခြင်၊ အစားများပြန်အန်ခြင်း၊ တကိုယ်လုံး အဖုအပိန့်များထွက်ခြင်း၊ ၀မ်းများသွားမည်။ ၀မ်းသွားလျှင် သွေးပါလာမည်။ ခလေးများအဖို့  ပိုမိုခံစားရပါသည်။
စားမိသည့် မှိုအမျိုးအစားလိုက် အဆိပ်ပြင်းထန်ပါသည်။ အချိန်မှီဆးကုသခြင်း မရှိက သေဆုံးသည်အထိ အန္တရယ်များပါသည်။ စားပြီးအစာများ ပြန်အန်လျှင် အကောင်းဆုံးဖြစ်သည်။ ရေးများများတိုက်ပေးရမည်။
နီးရာဆေးခန်း (သို့) ဆေးရုံသို့ အမြန်ဆုံး ပိုဆောင်ကုသမှုခံယူရမည်။ အချိန်ဆွဲထားသည်နှင့် လူနာအခြေအနေ ပိုဆိုးလာမည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မိုးဦးမှုအဆိပ်ကြောင့် လူပေါင်း ၁၂၀၀ ဆေးရုံတင်ခဲ့ရပြီး ၁၀ဦး သေဆုံးခဲ့ကြောင်း ထိုင်းကျန်းမာရေးဌာနမှ ထုတ်ပြန်ခဲ့သည်။
MinBurma
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment