Thursday, May 21, 2015

"ချစ်သူရည်းစား မရှိလည်းပဲ သင့်ကိုယ်ပိုင်အချိန်တွေကို တစ်ယောက်တည်း အေးချမ်းစွာ ဒီလိုဖြတ်သန်းကြည့်နိုင်"


"ချစ်သူရည်းစား မရှိလည်းပဲ သင့်ကိုယ်ပိုင်အချိန်တွေကို တစ်ယောက်တည်း အေးချမ်းစွာ ဒီလိုဖြတ်သန်းကြည့်နိုင်"

လေ့လာတွေ့ရှိချက် အသစ်တစ်ခုက ပြောထားတာကတော့ အမျိုးသမီးတွေဟာ ဘယ်သူမှမပါပဲ တစ်ယောက်တည်း အပြင်ထွက်ပြီး ကိုယ်ပိုင်ချိန်လေးကို အကျိုးရှိရှိ အသုံးပြုလာတတ်ကြပါပြီတဲ့။ ဒီအချိန်တွေဟာ ပျော်ရွှင်စရာ ကောင်းမှန်းလည်း သူတို့ လက်ခံလာကြပါတယ်။ ဒီလေ့လာချက်ကို Consumer လေ့လာမှုဆိုင်ရာဂျာနယ်က ဖော်ပြခဲ့တာဖြစ်ပါတယ်၊ ဒီအချက်ကို အခြေခံပြီး ကိုယ်ပိုင်အချိန်တွေကို ဘယ်လိုတစ်ယောက်တည်း ကုန်ဆုံးသင့်သလဲဆိုတာ အမျိုးသမီးတွေကို မေးမြန်းကြည့်လိုက်တော့

၁။ ကော်ဖီဆိုင်တွေမှာ တစ်ယောက်တည်းထိုင်ပြီး ကော်ဖီလေးသောက်ရင်း စာဖတ်ရတဲ့အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး၊ တစ်ယောက်တည်းဆိုပေမယ့် သိပ်ငြိမ်းချမ်းပါတယ်၊ (Lucy A)

၂။ ဒိတ်လုပ်တဲ့အခါ ဘေးကလူနဲ့ စကားတွေ အမျှင်မပြတ် ပြောနေရတာထက်စာရင် တစ်ယောက်တည်းသွားရတဲ့အခါ ကိုယ်ခံစားချင်တဲ့ မြူးဇစ်ကို အေးအေးချမ်းချမ်းခံစားရင်း ညနေခင်းအလှကို ကြည့်ရတာ အရမ်းသဘောကျပါတယ်၊ (Sandra Roldan)

၃။ပန်းချီကားတွေ ကြည့်ရတာ သဘောကျလို့လားမသိဘူး၊ ကျွန်မကတော့ ပန်းချီပြပွဲတွေ တစ်ယောက်တည်း သွားတယ်၊ ပန်းချီကားတွေကို ခံစားတယ်။ (Robin Hilmantel, Womenshealthmag.com deputy editor)

၎။ တစ်ယောက်တည်း ခရီးထွက်ရတာ နှစ်ခြိုက်တယ်၊ အထူးသဖြင့် ကမ်းခြေလိုနေရာမျိုးသွားပြီး ကမ်းခြေသဲသောင်ပြင်ပေါ်လှဲ၊ စာအုပ်လေးဖတ်ပြီး ကိုယ့်စိတ်ကြိုက်နေရတာ ကျွန်မအတွက်တော့ နိဗ္ဗာန်ပါပဲ။ (Rebecca R)

၅။ ရုပ်ရှင်ရုံတစ်ယောက်တည်းသွားရင် လူတွေက အူကြောင်ကြောင်ကြီးလို့ ထင်ကြတယ်၊ ကျွန်မကတော့ ရုပ်ရှင်ရုံမှာ ကိုယ်ကြိုက်တဲ့ကားတင်ရင် တစ်ယောက်တည်း အေးဆေးသွားကြည့်တယ်၊ ကိုယ်ကြိုက်တတ်တဲ့ မုန့်တွေ ၀ယ်သွားမယ်၊ ဇိမ်အပြည့်နဲ့ ရုပ်ရှင်ကြည့်ဖြစ်တယ်။ (Allison B)

ကဲ သင်ဆိုရင်ရော တစ်ယောက်တည်း သွားရမယ်ဆိုရင် ဘယ်နေရာတွေက သင်သွားချင်တဲ့ နေရာတွေဖြစ်မလဲ။

မေသော်

Credit: Trend Myanmar

No comments:

Post a Comment