Sunday, May 31, 2015
"ဘယ်တော့မှ လက်မလွှတ်ချင်ဘူး"
"ဘယ်တော့မှ လက်မလွှတ်ချင်ဘူး"
ချစ်ရတာ လွယ်သလောက် ပေါင်းဖက်ဖို့ရာ ခက်တယ်……
အချင်းချင်းချစ်နေချိန်မှာ သက်ဆုံးတိုင်ချစ်ကြရဖို့ လူအများမျှော်လင့်တတ်ကြတယ်…… ဒါပေမယ့် အချစ်တော်တော်များများက လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ကြရတယ်……
နှစ်ယောက်အတူ ချစ်နေချိန်ဟာ ကော်နဲ့ကပ်ထားသလို မခွဲမခွာကြပေမယ့်…… မင်္ဂလာခန်းမအထိ လျှောက်လှမ်းနိုင်သူတွေ နည်းတယ်……
တကယ်ချစ်ကြရင်၊ အတူပေါင်းဖက်ဖို့ ရည်ရွယ်ထားရင်… တစ်ယောက်ကိုတစ်ယောက် ချစ်ဖို့လိုအပ်တယ်… တစ်ယောက်ကိုတစ်ယောက် အနစ်နာခံဖို့ လိုအပ်တယ်… တစ်ယောက်ကိုတစ်ယောက် ပေးဆပ်နိုင်ဖို့ လိုအပ်တယ်… တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ လိုအပ်တယ်… ဒီသံယောဇဉ်ကို နှစ်ယောက်အတူ ကြိုးစားထိန်းသိမ်းရတယ်……
အချစ်က အရမ်းကြွပ်ဆတ်ပါတယ်… ကျိုးလွယ်၊ ပျက်လွယ်တယ်… တစ်ယောက်ယောက်က လက်လွတ်လိုက်တာနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားနိုင်ပါတယ်………
Credit: Lwan Lay
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment