Tuesday, May 26, 2015
"အမျိုးသမီးတွေ မျက်နှာ နီရဲလာခြင်း အကြောင်းအရင်း"
"အမျိုးသမီးတွေ မျက်နှာ နီရဲလာခြင်း အကြောင်းအရင်း"
အမျိုးသမီးတွေအနေနဲ့ မျက်နှာ နီလာတာကို စိတ်ပျက်နေစရာ မလိုပါဘူး ၊ အဲဒီလို နှင်းဆီရောင်လွှမ်းနေတဲ့ မျက်နှာတွေဟာ အမျိုးသားတွေကို ပိုပြီး ဆွဲဆောင်နိုင်တယ်ဆိုတာကို လေ့လာမှု အသစ်တစ်ခုက ပြသလိုက်ပါတယ်။
အမျိုးသမီးတွေရဲ့ သန္ဓေအောင်ခြင်းကို ဖြစ်ပေါ်စေတဲ့ Oestradiol ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ အမြင့်ဆုံးအဆင့်ကို ရောက်နေတဲ့အခါမျိုးမှာ သူမတို့ရဲ့ မျက်နှာ အသားအရေဟာ ပိုပြီး နီလာတတ်ပါတယ်။ အဲဒီလို ဖြစ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကတော့ အရေပြားရဲ့ သွေးကြောတွေ ပိုမိုကြီးမားလာစေတာပါပဲ။
အရင်တစ်ခေါက် လေ့လာတွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ သန္ဓေအောင်လိုချိန်တွေနဲ့ လစဉ် ဓမ္မတာ ချိန်တွေမှာ အနီရောင် (သို့) ပန်းရောင် တွေကို ၀တ်ဆင်ရတာ နှစ်သက်ကြတယ်လို့ သိရပါတယ်။
အဲဒီလို အနီရောင် ရှိတဲ့ အရာတွေဟာ ဥရောပ လူဖြူ အမျိုးသမီးတွေနဲ့ အာဖရိက လူမည်း အမျိုးသမီးတွေကို ကျန်းမာတဲ့ မျက်နှာ အနေအထား မျိုးဖြစ်ပေါ်စေတယ်လို့ သုတေသန အရသိရပါတယ်။
"Oestradiol နဲ့ အမျိုးသမီးတွေရဲ့ မျက်နှာ နီရဲလာမှုတို့ဟာ တိုက်ရိုက် ချိတ်ဆက်မှုတွေရှိနေပါတယ်။ Oestradiol ဟာ သွေးလည်ပတ်မှုကိုတွေ များလာစေပြီး သွေးကြောတွေကို အရေပြားနဲ့ ပိုမို နီးသွားစေတဲ့အတွက် မျက်နှာ နီလာတာပဲ ဖြစ်တယ် " လို့ Glasgow တက္ကသိုလ်က ပရော်ဖက်ဆာ Benedict Jones က ဆိုပါတယ်။
Oestradiol ဟာ အမျိုးသမီး လိင်ပိုင်းဆိုင်ရာ ဟော်မုန်း တစ်မျိုးဖြစ်ပြီး ရင့်ကျက်မှုကို စတင်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းလည်း ဖြစ်သလို၊ အမျိုးသမီးတွေရဲ့ မျိုးပွားခြင်း ဓမ္မတာကို ပုံမှန်လည်ပတ်စေတဲ့ ဟော်မုန်းလည်းဖြစ်ပါတယ်။
ထို လေ့လာမှုကိုတော့ အသက် ၂၁ နှစ်ဝန်းကျင်ရှိတဲ့ အမျိုးသမီး ၁၁၆ ယောက်ကို ရက်သတ္တပတ် ၅ခုစာ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထို Volunteers အမျိုးသမီးတွေရဲ့ မျက်နှာကို နောင်ရောင်ခြည်ခံ ခရင်မ် ၊ လိုးရှင်း ၊ အခြား ဆေးဝါး ဘာတစ်ခုမှ မသုံးစွဲခိုင်းပဲ သူတို့ရဲ့ မျက်နှာ အနေအထားတွေကို အချိန် အလိုက် လေ့လာခဲ့ရာမှာ Oestradiol နဲ့ အမျိုးသမီးတွေရဲ့ မျက်နှာ နီရဲလာမှုတို့ဟာ တိုက်ရိုက် ချိတ်ဆက်မှုတွေ ရှိနေတယ်ဆိုတာကို သိခဲ့ရတာပဲ ဖြစ်ပါတယ်။
Credit: Thithtoolwin
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment