Thursday, May 21, 2015

"ချိန်းတွေ့တဲ့အခါ မိန်းကလေးတွေရဲ့ ဒီလိုအပြုအမူတွေက ချစ်သူကောင်လေးတွေကို သူတို့ဆီက အဝေးကို ထွက်ပြေးစေတတ်တာ"


ချစ်သူကောင်လေးနဲ့ ဒိတ်လုပ်တာ သိပ်မကြာသေးတဲ့အချိန်အတွင်းမှာ တစ်ချို့မိန်းကလေးတွေရဲ့ အပြောအဆိုနဲ့ အပြုအမူတစ်ချို့ကြောင့် ကောင်လေးတွေဘက်က ဆက်မတွဲရဲတော့ပဲ နောက်လှည့်ပြေးတာမျိုးတွေ ရှိတတ်ပါတယ်။ ကောင်မလေးတွေအနေနဲ့ ကိုယ့်ချစ်သူ ကောင်လေးတွေကို တစ်ချို့ကိစ္စတွေ အတင်းအကြပ် ပြောဆိုတာမျိုး၊ ကိုယ့်ဘေးနား အတင်းခေါ်ထားတာမျိုးတွေဟာ ကောင်လေးအနေနဲ့ ကြာလေ စိတ်ညစ်လေ၊ စိတ်ထွက်ပေါက်မရှိလေ ဖြစ်စေတယ်လို့ ယူဆထားကြပါတယ်၊ ဒီတော့ မိန်းကလေးတွေ ပြုလုပ်လိုက်တဲ့ ဘယ်အရာမျိုးတွေက အမျိုးသားတွေ စိတ်ပျက်ကြသလဲဆိုတာ ပြောပြပေးပါ့မယ်။

၁။ချိန်းတွေ့တာ မကြာသေးပဲ စည်းကမ်းတွေ ထုတ်ပစ်လိုက်တာမျိုး

တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့တာ မကြာသေးပဲ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ ကြိုးစားရမယ့်အချိန်မှာ သူ့ကို ဘာတွေမလုပ်နဲ့၊ ဘာဆိုရင်တော့ မကြိုက်ဘူး ဆိုတာမျိုး တစ်ခုနှစ်ခုမကတဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ထိန်းချုပ်လိုက်မယ်ဆိုရင် သင့်ချစ်သူကောင်လေးဟာ သင့်အပေါ် စိတ်ကုန်သွားပါလိမ့်မယ်။

၂။ကိုယ့်ဘေးနားမှာ တစ်ချိန်လုံး ရှိနေခိုင်းတာမျိုး

ချစ်သူရည်းစား အစပိုင်း၊ ချစ်စ ကြင်နာစမှာတော့ ကောင်လေးတွေက သင့်ဘေးမှာ အမြဲတမ်းရှိနေဖို့ လက်ခံချင် လက်ခံပါလိမ့်မယ်၊ သူတို့ကိုယ်တိုင်လည်း တစ်နေ့မတွေ့ရရင် မနေနိုင်သလိုမျိုး ပြောဆိုပါလိမ့်မယ်။ ဒါပေမယ့် ဖြစ်သင့်တာကတော့ တစ်ဦးနဲ့တစ်ဦး အတိုင်းအတာတစ်ခုထိတာ့ နေရာလပ်လေးတစ်ခု ချန်ထားသင့်ပါတယ်၊ အတင်းကြီး တစ်ရက် ၂၄ နာရီရှိရင် နာရီ ၂၀ လောက် ကိုယ့်နားခေါ်ထားချင်လို့တော့ ဘယ်ဖြစ်ပါ့မလဲ။

၃။သူ့ကို တစ်ချိန်လုံး ဆက်သွယ်နေခြင်း

ချစ်သူရည်းစားတွေ လွမ်းလို့၊ ဆွေးလို့၊ တစ်ယောက်နဲ့တစ်ယောက် ဘာလုပ်နေလဲဆိုတာမျိုး၊ သတိရတယ်ဆိုတာမျိုးလေးတွေ စာတိုပို့တာ လက်ခံပါတယ်။ ဒီ့ထက်ပိုပြီး တစ်ချိန်လုံး ဘာလုပ်နေလဲ။ ဘယ်သူတွေနဲ့ရှိနေလဲ။ ထမင်းစားပြီးပြီလား။ အရမ်းလွမ်းတယ်။ စတာတွေကို မိနစ်ခြား ပို့နေမယ်။ ဖုန်းခေါ်နေမယ်ဆိုရင်တော့ တစ်ဖက်လူက ကြည်နူးတာထက် စိတ်အနှောင့်အယှက် ဖြစ်လာပါလိမ့်မယ်။

၎။မကျေနပ်တာကို ပွစိပွစိ ပြောဆိုနေခြင်း

ကိုယ်မကြိုက်တဲ့ အရာတစ်ခုကို သူလုပ်လိုက်လို့ သူနဲ့မျက်နှာချင်းဆိုင် ရှင်းပြီးတာအောင် တောက်လျှောက် ပွစိပွစိ ပြောဆိုနေတာမျိုးကို အမျိုးသားတွေ သည်းမခံနိုင်ကြပါဘူး၊

၅။ကုန်ကျသမျှကို သူ့ကိုချည်း ရှင်းခိုင်းခြင်း၊ အကုန်အကျ ခံခိုင်းခြင်း

စချိန်းတွေ့ကတည်းက ကိုယ့်ဘက်က ပိုက်ဆံ လုံးဝမထုတ်ပဲ ကိုယ့်ချစ်သူကောင်လေးကိုချည်း အားလုံး ရှင်းခိုင်းတာမျိုးဟာ သူလက်ခံရင်တောင် မလုပ်သင့်တဲ့အရာပါ၊ ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် ညီတူညီမျှ အကုန်အကျခံတာ အကောင်းဆုံးပါပဲ။

၆။အရာရာ ကိုယ်ပိုင်သွားပြီဆိုတဲ့ ဒီဇိုင်းမျိုး ပြုမူခြင်း

ချစ်သူရည်းစား ဖြစ်တာနဲ့ သူ့ပိုက်ဆံရော၊ သူ့ပစ္စည်းတွေရော၊ သူ့အားလပ်ချိန်အားလုံး ငါပိုင်သွားပြီဆိုပြီး သွားပြုမူမယ်ဆိုရင် ဒါဟာ အမှားကြီးမှားသွားပြီလို့ ပြောချင်ပါတယ်၊ တစ်ဖက်လူကလည်း အနိုင်ကျင့်ခံရသလို ခံစားနေရပါလိမ့်မယ်။

၇။ကိုယ့်ချစ်သူရဲ့ သူငယ်ချင်းတွေကို ရိုင်းရိုင်းပြပြ ဆက်ဆံတာ

ကိုယ့်ကောင်လေးက ကိုယ့်ထက် အသက်ငယ်လို့ပဲဖြစ်ဖြစ်။ ဒါမှမဟုတ် ကိုယ့်လောက် ပိုက်ဆံမရှိလို့ပဲ ဖြစ်ဖြစ် သူ့သူငယ်ချင်းတွေကိုလည်း ငါ အဆင့်အတန်းခွဲခြားပြီး ပေါင်းလိုက်မယ်ဆိုတဲ့ အတွေးမျိုး ရှိနေမယ်ဆိုရင် သင့်ချစ်သူက သူငယ်ချင်းကိုသာ ရွေးချယ်ပြီး သင့်ဆီက ထွက်ပြေးသွားမှာ သေချာပါတယ်။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment