Friday, May 29, 2015

"ဖူးစာရှင်တွေ့ရင် အချက်ပြပေးမည့် နာရီ"


"ဖူးစာရှင်တွေ့ရင် အချက်ပြပေးမည့် နာရီ"

ပါတီပွဲတွင် အခန်းအနှံ့ မလွတ်တမ်း မျက်စိဒေါက်ထောက်ကြည့်သည့် နည်းလမ်းမှစပြီး လိမ္မော်ရည် ဖိတ်ကျသည့် နည်းလမ်းအထိ ဟောလီးဝုဒ် ဇာတ်ကားများက ဘ၀ကြင်ဖော်ကို ရှာဖွေရန် သင်ကြားပေးသော နည်းလမ်းများမှာ ရထားမီအောင် ပြေးရသလောက်ကို လွယ်ကူနေသည်။ ယခုအခါ အက်ပ်ပဲလ် နာရီများပင် လုပ်ဆောင်မပေးနိုင်သော အချစ်ရှာဖွေဖို့ ကူညီပေးနိုင်သည့် စမတ်နာရီတစ်မျိုး ရှိလာပြီဖြစ်သည်။

Serendip ဟုခေါ်သည့် အဆိုပါ နာရီကို ဘ၀ကြင်ဖော် ရှာလိုသည့် တစ်ကိုယ်တည်းသမားများ အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး သုံးစွဲသူများနှင့် ကိုက်ညီသူ အနီးအနားတွင် ရှိနေပါက အချက်ပြပေနိုင်ကြောင်း သိရသည်။ နာရီဝတ်ထားသူချင်းထဲမှသာ ရွေးချယ် ဖော်ပြပေးမည် ဖြစ်သည်။ Serendip အသုံးပြုသူ များသည် ကိုယ်ရေးအကျဉ်း အသေးစိတ်ကို ဖြည့်ထားရမည်ဖြစ်ပြီး အဆိုပါ ကိုယ်ရေးအချက်အလက်အလိုက် လိုက်ဖက်သူကို ရှာဖွေပေးနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

ဖြစ်နိုင်ခြေရှိသည့် ကြင်ဖက်က နာရီ၏ အာရုံခံ အ၀န်းအ၀ိုင်းထဲ ရောက်လာပါက နာရီသည် တုန်ခါလာပြီး အချက်ပေးမည် ဖြစ်သည်။ သို့သော် လူရှုပ်ထွေးသည့် ရထားပေါ်တွင် ကြင်ဖက် တစ်ယောက်ကို ညွှန်ပြနိုင် မပြနိုင်တော့ မသေချာကြောင်း သိရသည်။ နာရီကို လာမည့် နှစ်ဆန်းပိုင်းတွင် ဒေါ်လာ (၅၀) ၀န်းကျင်ဖြင့် ရောင်းချနိုင်မည်ဟု သိရသည်။

ဆုမြတ်

Credit: The Messenger

No comments:

Post a Comment