Thursday, May 21, 2015
"ငါ့လို အဖြစ်မျိုးနဲ့ ဝေးပါစေ…"
"ငါ့လို အဖြစ်မျိုးနဲ့ ဝေးပါစေ…"
သေချာတဲ့အချစ်ကို
လိုချင်တာတဲ့လား.?
သေချာရေရာမှုတွေ ပျက်စီသွားအောင်
မင်းကိုယ်တိုင်ပဲ ရိုက်ချိုးပစ်ခဲ့တာလေ …
ခံစားမှုနှလုံးသားကိုအတုဆင်
မင်းကိုယ်တိုင်ပဲ
အချစ်ဆိုပြီး ပေးအပ်ခဲ့တာလေ …
မြတ်နိုးတန်ဖိုးထားတတ်မှုဆိုတာ
ဘယ်လိုအရာမှန်း မသိတဲ့
မင်းအတွက်တော့
ငါ့အချစ်တွေက
ဟာသတစ်ပုဒ်ဖြစ်မှာပေါ့ …
ပြောချင်တာတွေ ပြောသွား
သူငယ်ချင်းတွေရှေ့
ငါ အရှက်ကွဲသလို
မင်းဘ၀မှာ မကြုံပါစေနဲ့ ချစ်သူ…
ကိုယ်ပိုင်ဖန်တီးတဲ့အချစ်
တစ်ပါးသူ ရိုက်ချိုးသွားမှန်းသိရင်
မပွင့်လန်းခင်တည်းက သတ်ပစ်ခဲ့တယ်။
နိုင်ပြီးတိုင်း အနိုင်ယူ
အရှုံးတွေကို ထွေးပိုက်ရင်း
ငါ့လို မျက်ရည်မကျပါစေနဲ့ ချစ်သူ …
တစ်ချိန် မင်းအတွက်
ရယ်စရာဖြစ်နေမှာဆိုတော့
အခုတည်းက ..
ရယ်ပါ ၊မောပါ၊ ပြုံးပျော်ပါ။
သြော် … နောက်ပြီး
မင်းလည်း ငါ့လို မချစ်တတ်လာပါစေနဲ့ ….
Credit: Lwan Lay
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment