Saturday, May 30, 2015
" သစ္စာတရား "
" သစ္စာတရား "
တစ်နေ့တွင် ဗုဒ္ဓထံသို့ တိတ္ထိဆရာကြီးတစ်ပါး ချဉ်းကပ်လာသည်။ တည်ငြိမ်စွာဖြင့် ငြိမ်းချမ်းသော အသွင်ဆောင်နေသည့် ဗုဒ္ဓ၏
မျက်နှာတော်ကို သူက စိုက်ကြည့်ပြီး
"ဂေါတမ .. သင်သည် ငါ့အား စာနဲ့လည်း ရေးမပြနိုင်၊ စကားနဲ့လည်း ထုတ်ဖော်မပြောနိုင်တဲ့ သစ္စာတရား ဆိုတာ ဘာလဲလို့ပြောစမ်းပါ" ဟု မေးမြန်းလိုက်ပြီး ဗုဒ္ဓကို အကျပ်ရိုက်တော့မည်ဟု လက်ပိုက်ကာစိုက် ကြည့်နေသည်။
ဗုဒ္ဓက ပြုံးရွှင်စွာဖြင့် ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ နေလိုက်သည်။
အချိန်အနည်းငယ်ကြာလာသည့်အခါ တိတ္ထိဆရာကြီးလည်း ခေါင်းငြိမ့်ပြီး ဗုဒ္ဓကို ဦးချကာ ထွက်သွားတော့သည်။
တိတ္ထိဆရာကြီး ထွက်သွားလျှင် အာနန္ဒာသည် ဗုဒ္ဓထံပါးချဉ်းကပ်ပြီး တိတ္ထိဆရာကြီး ဘာဖြစ်သွားသနည်းဟု မေးကြည့်လိုက်သည်။ ဗုဒ္ဓက
"ချစ်သား အာနန္ဒာ မြင်းကောင်းတွေမှာ ကြာပွတ်မလိုပါဘူး" ဟု ပြန်ပြောလိုက်လေသည်။
Credit to Tin Nyunt
K.K(ကနောင်)
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment