Tuesday, May 26, 2015

အတွေးစု



အတွေးစု


၁၊ ပညာမဲ့တို့သည် မိမိအတွေးနှင့်မိမိအားချောက်လှန့်၏။

၂၊  မိမိအတွေးနှင့်သူတစ်ပါးအား ငြိမ်းချမ်းစေ၏။

၃၊ ပညာမဲ့တို့သည် ယှဉ်ပြိုင်၊ အနိုင်ယူရန် ဆန္ဒပြင်းပြ၏။

၎၊ ပညာရှင်တို့သည်အရှုံးပေး၊ ငြိမ်းချမ်းရန် ဆန္ဒပြင်းပြ၏။

၅၊ ပညာမဲ့တို့သည် မိမိအတွက်သောကထား၏။

၅၊ ပညာရှင်တို့သည် သူတစ်ပါးအတွက်သောကထား၏။

၆၊ ပညာမဲ့တို့ မောက်မာခြင်း၌ အမှန်တရားလည်းမဲ့၏။

၇၊ ပညာရှင်တို့မောက်မာခြင်း၌ အမှန်တရာနှင့်မျှတခြင်းတို့ ကိန်းအောင်းလျက်ရှိ၏။

၈၊ ပညာမဲ့တို့သည်မိမိဂုဏ်သိက္ခာအား မြင့်တင်လျက် ကျကျသွား၏။

၉၊ ပညာရှင်တို့သည် မိမိဂုဏ်သိက္ခာအား နှိမ့်ချရင်း မြင့်မြင့်သွား၏။

၁၀၊ ပညာမဲ့တို့သည် အရှက်နှင့်သိက္ခာတို့အား အမှန်တရားနှင့်လဲလည်၏။

၁၁၊ ပညာရှင်တို့သည် အမှန်တရားအား အရှက်ဂုဏ်သိက္ခာတို့နှင့်လဲလည်၏။


Credit: သရ

No comments:

Post a Comment