ဓာတ်ပုံ-Keytu Mala
"၆၇ နှစ်အဘွားရဲ့ လေးစားစရာစိတ်ဓာတ်နဲ့ ယနေ့ခေတ် ကျနော်တို့လူငယ်တွေ အတုယူစရာ"
မွန်ပြည်နယ်က အသက် ၆၇ နှစ်အရွယ်အဖွါး တစ်ဦးမှ ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းကို ကလေးများနှင့်အတူ သင်တန်းအတူတက်ပြီး စာမေးပွဲဖြေနေတဲ့ ပုံရိပ်အချို့ကို အံ့သြစွာ တွေ့မြင်နေရပါတယ်။ မိမိရဲ့မာနတရားကို နှိမ့်ချပြီး
ကလေးများနဲ့အတူ ဘာသာရေးစာပေများကို လေ့လာ သင်ကြားနေတယ်ဆိုတာ ဗုဒ္ဓတရားနှင့်အညီ ကျင့်သုံးခြင်းဖြစ်ပါတယ်။
ဘာသာရေး လေ့လာရာတွင် အသက်ဖြင့်တိုင်းတာလို့ မရပါ။ ဗုဒ္ဓထင်ရှားရှိစဉ်တွင် အသက် ၇ နှစ်ဖြင့် သောတာပန်တည်ခဲ့ကြသည့် အရိယာများရှိသလို အသက်ကြီးမှ သောတာပန်တည်ကြသည့်
အရိယာများရှိကြ၏။ ထို့ကြောင့် ကျနော်တို့သည် ဓမ္မကိုရှာဖွေရာတွင် စည်းစိမ်၊ ဥစ္စာ၊ ရာထူးဂုဏ်သိန်၊ အသက် ဝါဖြင့် မတိုင်းတာအပ်ပေ။
ဒီလေးစားစရာ အဖွါးအိုသည် ကျနော်တို့ လူငယ်များအတွက် မီးမှောင်းထိုးပြနေသော အနာဂတ်ကြယ်ပွင့် လှလှလေးတစ်ခုဖြစ်ပေ၏။
ထို့ကြောင့် ကျနော်တို့လူငယ်တွေ အတုယူစရာ အလွန်ကောင်းပေ၏။
သူများတော့မသိဘူး ကျနော်ကတော့ အရမ်းလေးစားပါတယ်ဗျာ။
လူတိုင်းအတုယူသင့်ပါတယ် ။။
လု လင်
Friday, May 29, 2015
"၆၇ နှစ်အဘွားရဲ့ လေးစားစရာစိတ်ဓာတ်နဲ့ ယနေ့ခေတ် ကျနော်တို့လူငယ်တွေ အတုယူစရာ"
Labels:
ဂုဏ်ယူလေးစားဖွယ်
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment