Tuesday, May 12, 2015
" အခုချိန်မှာအဝေးတံတိုင်းကြီး "
" အခုချိန်မှာအဝေးတံတိုင်းကြီး "
အခုချိန်မှာ အဝေးတံတိုင်းကြီး
ဘယ်လောက်ပဲခြားနေပါစေ တစ်နေ့ကျရင် ငါတို့နှစ်ယောက် ပျော်စရာအချိန်လေးတွေကို
အတူတူဖြတ်သန်းရမယ်ဆိုတာ
ယုံကြည်နေပါတယ် ချစ်သူ...
ငါနေနေရတဲ့ နေရာတစ်ခုမှာ ငါ့အတွက်အဆင်ပြေတယ်ဆိုပေမဲ့
မင်းမရှိတဲ့အခါ ငါမပျော်ပါဘူး ချစ်သူ...
ချစ်လျှက်နဲ့ခွဲနေကြရတာဟာ
မင်းကြောင့်လဲမဟုတ်သလို ငါ့ကြောင့်လဲမဟုတ်ပဲ တစ်ဘဝလုံး အတူနေရဖို့အတွက်
ခဏလေးခွဲ နေရတယ်လို့ပဲမှတ်ထားပါ ချစ်သူ...
ဖြစ်နိုင်မယ်ဆိုရင်
အခုလိုအသက်ရှူရကြပ်တဲ့ အလွမ်းတွေအစား
ချစ်သူရဲ့လက်ကလေး ကိုင်ချင်နေမိတာ
အမှန်ပါပဲ ချစ်သူ...
အနေနီးမှအချစ်စစ်ဆိုပေမဲ့
အနေဝေးနေပေမဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုလေးတွေနဲ့ နားလည်ပေးနေရင် အနေနီးတာထက်ပိုပါတယ် ချစ်သူ...
အဝေးရောက်ချစ်သူတိုင်း
အဆင်ပြေကြပါစေ...
Credit: Lwan Lay
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment