"ဘီယာ များများ သောက်ပါက ရင်သား ကင်ဆာ ဖြစ်နိုင်"
တစ်နှစ်လျှင် ဘီယာ၂ ပိုင့်ထက် ပိုများပါက ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာချက် တစ်ခုအရ တွေ့ရှိလာပါပြီ။ အရက်ဆိုင်ရာ ကျန်းမာရေး မဟာမိတ်အဖွဲ့ ဥက္ကဌ ပါမောက္ခ ဆာအိုင်ယန်ဂယ်လမိုး ပြောပြချက်အရ အမျိုးသမီးတွေမှာ တစ်နေ့လျှင် ဝိုင်တစ်ဖန်ခွက်နှုန်း သောက်တာတောင်မှ ရင်သားကင်ဆာ ဖြစ်နှုန်း သိသာစွာ မြင့်တက် နေကြောင်း ဖော်ထုတ် လိုက်ပါတယ်။
အမျိုးသမီးတွေအတွက် တစ်နေ့လျှင် ဝိုင်တစ်ဖန်ခွက် သောက်ခြင်းဟာ အစိုးရက ထုတ်ပြန်တဲ့ လမ်းညွှန် ဖြစ်ပါတယ်။ ထိုသုတေသနအဖွဲ့ အပြင် ဆေးတက္ကသိုလ်ပေါင်း ၃၀ နှင့် အခြား သိပ္ပံ တက္ကသိုလ်များမှ ထုတ်ပြန်ချက်အရ ကင်ဆာကာကွယ်ခြင်းအတွက် စိတ်ချရတဲ့ ပမာဏမျိုး အကြိမ် ၆၀ဝ ခန့် သောက်သုံးခဲ့ပြီးပါကလည်း ရင်သား ကင်ဆာဖြစ်နိုင်ခြေ များသေးတယ်လို့ ဆိုလာကြပါပြီ။ ဘာကြောင့်လဲ ဆိုတော့ အရက်တွေမှာ အီသနော၊ အက်စီတော ဒီဟိုက်နှင့် အဆိပ်တွေ၊ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပြီး အာနိသင်ပြင်းလှတယ်လို့ ဆိုတယ်။
ဗြိတိန်နိုင်ငံသားတွေ တစ်နှစ်လျှင် ၄၅၀ဝ ခန့်မှာ အရက်ကြောင့် ဖြစ်တဲ့ ကင်ဆာ ရောဂါတွေ ဥပမာ အူမကြီးကင်ဆာ အသည်းကင်ဆာ၊ အစာရေမျိုကင်ဆာ၊ ရင်သားကင်ဆာနှင့် အစာဟောင်း အိမ်ကင်ဆာတို့ ဖြစ်ပွားနေကြောင်း ဖော်ထုတ်ပြောကြား ခဲ့ပါတယ်။
Credit : MWD
lutawlupyaw
No comments:
Post a Comment