Monday, March 30, 2015

"တယ်လီနော ပရိုမိုးရှင်းအတုကိစ္စ ကုမ္ပဏီ သတင်းထုတ်ပြန်"

"တယ်လီနော ပရိုမိုးရှင်းအတုကိစ္စ ကုမ္ပဏီ သတင်းထုတ်ပြန်"

တယ်လီနောက သင်္ကြန်အထူးအစီအစဉ် ပရိုမိုးရှင်းပေးသည်ဟုဆိုကာ Code နံပါတ်များကို လိမ်၍ ခေါ်ဆိုခိုင်းသည့် ပရိုမိုးရှင်း အတုများ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပျံ့နှံ့နေသည့်အတွက် မှားယွင်းခေါ်ဆိုခြင်းများ မပြုလုပ်ကြရန် တယ်လီနောမြန်မာက သတင်းထုတ်ပြန်သည်။
‘‘ပရိုမိုးရှင်းအားလုံးကို တယ်လီနောရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ SMS တို့ကနေ ကြော်ငြာပေးသွားပါမယ်။ အဲဒီလိုမဟုတ်ဘဲ တခြား ဖေ့စ်ဘွတ်ခ်စာမျက်နှာ (သို့) လူတစ်ဦးချင်းစီက ပေးပို့လာတဲ့ ပရိုမိုး ရှင်းတွေကို မယုံကြဖို့ မေတ္တာရပ်ခံလိုပါတယ်’’ ဟု သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပရိုမိုးရှင်းကြော်ငြာအတုကို Tunn Min Arthur အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့်က သင်္ကြန်အကြိုကာလအတွင်း အထူးအစီအစဉ်အနေဖြင့် ဖုန်းဘီလ်ကို Code ပို့ပေးပါက ဘောနပ် ပြန်ရမည်ဟုဆိုကာ *86277*2*4*09799682568*1000*1# ဟုရိုက်ပြီး ဖုန်းခေါ်ဆိုပါက ဖုန်းဘီလ်ပေါ်မူတည်ပြီး ဘောနပ်ပြန် လည်ရရှိမည်ဟု လိမ်လည်၍ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပို့စ်များ လိုက်တင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအကောင့်မှ တင်ခဲ့သည့် Code များသည် အခြားဖုန်းသို့ ဖုန်းဘီလ်လွှဲပေးသည့် ကုတ်တစ်ခုဖြစ်ပြီး 09799682568 ဟူ သော ဖုန်းနံပါတ်နှင့် ၁၀၀၀ ဟူသော ကုတ်နံပါတ်တစ်ခုလည်း ပါရှိသည့်အတွက် Code နံပါတ်များအား ရိုက်နှိပ်၍ ဖုန်းခေါ်ဆိုလိုက်ပါက အထက်ပါဖုန်းနံပါတ်ထဲသို့ မိမိ၏ ဖုန်းဘီလ်ထဲမှ တစ်ထောင်ကျပ် လွှဲပေးမည်ဖြစ်သည့်အတွက် ခေါ်ဆိုခြင်းမပြုကြရန် Yang Cracker Technology က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ပေးခဲ့သည်။

ပရိုးမိုးရှင်းအစီအစဉ်ဟု လိမ်လည်ခေါ်ဆိုခိုင်းသည့် ကုတ်နံပါတ်
*86277*2*4*09799682568*1000*1#
*86277= တယ်လီနော၏ ကိုယ်ပိုင်ဖုန်းကုတ် ၀၉၇၉ ကို ကိုယ်စားပြုသည်။
*2 = My Telenor ကို ကိုယ်စားပြုသည်။
*4 = (Balance Transfer)ဖုန်းဘီလ်လွှဲပေးခြင်း ကို ကိုယ်စားပြုသည်။
* 09799682568 = ဘီလ်လွှဲပေးမည့် ဖုန်းနံပါတ်ကို ကိုယ်စားပြု သည်။
*1000 = လွှဲပြောင်းပေးမည့် ဘီလ်ပမာဏကို ကိုယ်စားပြုသည်။
*1# = ဘီလ်လွှဲပေးမည်ဖြစ်ကြောင်း အတည်ပြုသည့် ကုတ်ဖြစ်သည်။

အထက်ပါ ကုတ်နံပါတ်များသည် အူရီးဒူးဖုန်းတွင်လည်း အသုံး ပြုနိုင်သည့်အတွက် မှားယွင်းခေါ်ဆိုမှုများ မပြုလုပ်ကြရန် Yang Cracker Technology က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ပြန်လည်မျှဝေခဲ့သည်။
 
 

Credit : 7Day Daily



lutawlupyaw

No comments:

Post a Comment