Friday, March 27, 2015

" ချစ်သူကို ဘယ်လိုချစ်မလဲ ??? "

" ချစ်သူကို ဘယ်လိုချစ်မလဲ ??? "

၁ – နေ့တိုင်းတွေ့နေဖို့ လိုအပ်ပါသလား ?

မလိုအပ်ပါဘူး online မှာနေ့တိုင်း စကားပြောဖြစ်မယ်ဆိုရင်တောင်
သူကော ကိုယ်ကော အားမယ့်အချိန်နဲ့
အဆင်ပြေအောင် ကြာချိန်ကို ညှိမှဖြစ်မှာပါ
( ချစ်စ ကြင်စကိုတော့ မတားလိုပါဘူး
တစ်လလောက်ကြာရင်တော့ ညှိဖို့လိုအပ်ပါပြီ )

၂ – ရည်းစားထားမှာလား !

အပျော်ရည်းစားထားတာ ဆိုရင်တော့
တချို့အရာတွေ မစမ်းသပ်သင့်တာကလွဲရင် ကျန်တာ ok ပါတယ်။ တခုပဲ ရည်းစားများတာ ဖန်စီဆွဲကြိုးတွေပြောင်းဆွဲသလို မလန်းပါဘူး။
ကြာရင် သိက္ခာကျပြီး နာမည်ပျက်နိုင်ပါတယ်။

၃ – ချစ်သူထားမှာလား !

ချစ်သူထားတာဆိုရင်တော့ သူ့ကိုချစ်တာနဲ့ သူချစ်တာကိုခံရဖို့ အချစ်တွေဖြူစင်ဖို့လိုပါတယ်။ လက်ရှိအချိန်ကို ပျော်ရွှင်စွာဖြတ်သန်းဖို့ ဘာမှမစွန်းထင်းဖို့လိုပါတယ်။

၎ – တစ်ဘဝလုံးရည်ရွယ်ပြီးထားမှာလား ?

တစ်ဘဝလုံးအတွက် ရည်ရွယ်ပြီဆိုရင်တော့
သူ့အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်ရည်မှန်းချက်ကို သိဖို့လိုပါပြီ။ ကိုယ့်အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုလည်း သူ့ကိုပြောပြဖို့ လိုပါပြီ။
ဒါဟာ ရိုးသားမှုတခုပါ ဘာမှမဟုတ်တဲ့ အသေးအဖွဲ့လေးဆိုပေမဲ့ အရမ်းအရေးကြီးပါတယ်။ အဓိကက မိန်းကလေးတွေပါ။ ကိုယ့်အိမ်ထောင်ဖက်ဟာ အနာဂတ်မျှော်လင့်ချက် ပန်းတိုင် ရှိနေတဲ့သူမျိုးပဲဖြစ်သင့်ပါတယ်။

၅ – ဖုန်းပြောမယ် ဆိုပါစို့

ပြည့်စုံသူတွေဆိုရင်တောင် သတိထားသင့်ပါတယ်
sometime ဆိုပြဿနာမရှိပေမဲ့
everytime ဆို ပြဿနာရှိပါတယ်။ ချစ်သူတွေပဲ ဖြစ်နိုင်ရင် တစ်သက်လုံး တစ်စက္ကန့်မလပ်ပဲ ခရာရေလွှတ်ပြောချင်တာပေါ့။ အချစ်ဟာ တခါတခါ ဘဝရဲ့ခြေထိုးမှုကိုခံရပါတယ်။ ဥပမာ – ချစ်သူကို ဖုန်းပြောဖို့ အလုပ်တွေကြိုးစား ဘာမှမစားပဲငတ်ခံနေတာဟာ အမြဲတမ်း ဂုဏ်ယူစရာမဟုတ်ပါဘူး ။ သူ့ဘက် ကိုယ့်ဘက် နားလည်ပေးဖို့လိုပါတယ်။

၆ – ပြောင်းလဲကြည့်မလား !

ဇစ်မြစ်ဆိုတာ ပြောင်းလို့မရပါဘူး။ ချစ်သူကိုချစ်လို့ ပြောင်းလဲရင်တောင် 1 % လောက်ပဲ ဖြစ်နိုင်ခြေရှိတာပါ။ အစကတည်းက စရိုက်၊ ဘဝ၊ ရည်မှန်းချက်မတူဘူးဆို သေချာစဉ်းစားသင့်ပါတယ်။

၇ – ချစ်သူကို ရစ်ကြည့်မယ်

စိတ်ဆိုးစိတ်ကောက်တာ ချစ်စရာဓလေ့ပါ။ အမြဲတမ်းမဟုတ်ဘူးဆိုရင်ပေါ့။ ကိုယ်က အားနေလို့ရစ်တယ်ဆိုပါစို့။ သူ့ဘက်က အရေးတကြီးလုပ်စရာတခုခုရှိနေတဲ့အခါ
အမှိုက်က ပြဿဒ်ထိလောင်သွားနိုင်ပါတယ်။

၈ – ကိုယ်က ချစ်သူအတွက်လား !

ကိုယ်က ချစ်သူအတွက်မဟုတ်ပါဘူး။ ကိုယ်က ကိုယ်ပါပဲ ချစ်သူကချစ်သူပါပဲ။ ကမ္ဘာကျော်စုံတွဲတွေတောင် ပြတ်ဆဲကြပါတယ်။ ကိုယ့်ရည်ရွယ်ချက်ကို အပျက်မခံပါနဲ့။ အမြဲတမ်းဖြည်းဆည်းပေးဖို့ ကြိုးစားရင်း ကိုယ်ဟာ လူညံ့တစ်ယောက်မဖြစ်သွားစေပါနဲ့။

၉ – ချစ်သူက ကိုယ့်အတွက်လား !

လုံးဝမှားပါတယ်။ ဒါဟာ အတ္တပါ။ အချစ်မဟုတ်ပါဘူး
နားလည်မှု မပြည့်ဝလို့ဖြစ်တာပါ။ ဖြစ်နိုင်ရင် ချစ်သူလိုအပ်ချိန်မှာ လိုတာဖြည့်ဆည်းပေးနိုင်အောင်
ကိုယ်ကအမြဲတော်နေတဲ့သူတစ်ယောက် ဖြစ်ဖို့ ကြိုးစားဖို့လိုပါတယ်။

၁၀ – တွေ့တဲ့အခါ ဘာတွေပြောမလဲ !

အချစ်အကြောင်းပြောပါ။ အနမ်းတွေပေးပါ။ ကျွန်တော့်ကို အကြံတခုလောက်ပေးပါဆိုရင်တော့
မိန်းကလေးတွေကိုပြောချင်ပါတယ်။ တစ်ခါတွေ့တိုင်း ရာဇဝင် (သို့မဟုတ်) စိတ်ဝင်စားဖွယ်ပုံပြင်နဲ့ ဟာသဖြစ်စေ တစ်ခုခုအမြဲပြောခိုင်းပါ။ ချစ်သူကို ပြောပြဖို့အတွက် သူစာဖတ်တာဟာ
သူနဲ့ကိုယ့်အနာဂတ်ကောင်းတခုကို ဖန်တီးဖို့ သူစိတ်အဟာရတွေ ဖြည့်နေသလို ကိုယ်လည်း ဗဟုသုတ ရစေတာမို့ အလွန်ကောင်းတဲ့ကိစ္စပါ။

၁၁ – ချစ်သူဖြစ်ပြီဆို ဘာတွေမဖြစ်မနေ စောင့်သိရမလဲ

တခြားသူနဲ့ မရှုပ်ရပါဘူး။ တခြားသူက ကိုယ့်ချစ်သူအကြောင်း မကောင်းပြောရင် နားမထောင်ရပါဘူး။ မလိမ်ညာရပါဘူး။ ချစ်သူနဲ့ကိုယ်ဟာ တစ်ကိုယ်တည်းလို့ သဘောထားရပါမယ်။ အချိန်အားတိုင်း သတိရနေဖို့လိုပါတယ်။ ဘယ်သူကမေးမေး ကိုယ့်ချစ်သူနာမည်ကို အလွယ်တကူပြောနိုင်တဲ့သူ ဖြစ်ရပါမယ်။ ချစ်သူ့အပေါ်အရာရာရိုးသားရပါမယ်။

၁၁ – ချစ်သူဆိုတာ

ချစ်သူဆိုတာ အရမ်းအရေးပါပါတယ်။ အချစ်က အရာရာမဖန်ဆင်းနိုင်ပေမဲ့ အရာရာဖန်တီးနိုင်တဲ့ စိတ်ခွန်အားပေးနိုင်ပါတယ်။ မိုးထိဆွဲခေါ်သွားနိုင်သလို ငရဲထိဆွဲချသွားနိုင်ပါတယ်။

နိဂုံး

ချစ်သူထားတယ်ဆိုတာ ပေါ့သေးသေးကိစ္စတခုတော့ မဟုတ်ပါဘူး။ ကိုယ့်ဘေးက ချစ်သူဟာ
နောက်ထပ် နှစ် လေးဆယ်လောက် အတူတူနေသွားရမဲ့လူ အချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် စိတ်ကစားရုံသက်သက်နဲ့တော့ မထားပါနဲ့။ နောက်တခုက ကိုယ်ကအပျော်ထားတာဆို အပျော်နေတဲ့သူကိုပဲရွေးပါ။ ဘဝအတွက်ကြိုးစားနေသူကို သွားမကစားပါနဲ့
ကိုယ့်အပျော်ဟာ တခြားသူအနာဂတ်တခုလုံး ပျက်စီးသွားစေနိုင်ပါတယ်။ ချစ်သူထားတာနဲ့ သူ့အတွက်အချိန်တွေ ထိုးပေးလိုက်ရတာ မလုပ်သင့်ပါဘူး။ ချစ်သူကို တကယ်ချစ်မိတယ်ဆို
ဘဝကို ပိုခိုင်မာအောင်တည်ဆောက်ဖို့ ပိုကြိုးစားသင့်တာပါ။ ပိုချစ်လေ ပိုကြိုးစားလေပါပဲ။ ချစ်သူနဲ့တွေ့တဲ့အခါ ချစ်တတ်ပါ။ မတွေ့ရချိန်တွေမှာ သစ္စာရှိပါ။ သတိရပါ။ တွေ့ချိန်မှာ ချစ်ပြပါ . . . ။

ချစ်သူတိုင်း နားလည်မှုအပြည့်နဲ့ ဘဝခရီးဆက်နိုင်ပါစေ . . . ။


Credit: Ulay Kyi ( ကိုလင်း )



lutawlupyaw

No comments:

Post a Comment