Friday, March 27, 2015

" မိန်းကလေးတွေ ယောင်္ကျားလေးတွေအပေါ် လုပ်လေ့ရှိတဲ့ ရက်စက်သော အကျင့်လေးများ"

" မိန်းကလေးတွေ ယောင်္ကျားလေးတွေအပေါ် လုပ်လေ့ရှိတဲ့ ရက်စက်သော အကျင့်လေးများ"

အမျိုးသားတွေဟာ အာရုံခံစားနိုင်ခြင်း နည်းတာ ၊ မရင့်ကျက်တာ ၊ ညှိနှိုင်းဖို့ခက်တာ ၊ အဲဒီအချက်တွေကို အားလုံး နားလည်ထားကြပါတယ်။ ဒါပေမယ့်လည်း အားလုံးမသိကြတာကတော့ အမျိုးသမီးတွေမှာ ဆိုးသွမ်းတဲ့ အကျင့်လေးတွေ တူညီစွာ ရှိကြတယ်ဆိုတာပါပဲ။ အမျိုးသမီးတွေဟာ အမျိုးသားတွေကို အရွဲ့တိုက်လိုတဲ့ အခါမှာဖြစ်စေ ၊ ကစားချင်တဲ့ အခါမှာဖြစ်စေ ပြုလုပ်လေ့ရှိတဲ့ ရက်စက်သော အကျင့်လေးတွေရှိပါတယ်။ အဲဒါတွေကတော့

၁။ ဖုန်းမကိုင်ခြင်း

မိန်းကလေး တစ်ယောက်ဟာ ယောင်္ကျားလေးတစ်ယောက်ကို သူမရဲ့ ဖုန်းနံပါတ် ပေးလိုက်တဲ့အခါမှာ ဖုန်းနံပါတ် အမှားတစ်ခုကို ပေးလိုက်တာမျိုး ဒါမှမဟုတ် သူ့ရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံ ဖြေဆိုခြင်း မရှိတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ အမှန်တကယ်ကတော့ အဲဒီလိုမျိုး လုပ်မယ့်အစား ထိုအမျိုးသားကို သူမ နှစ်သက်တဲ့ ပုံစံမျိုး မဟုတ်ကြောင်း စောစောစီးစီး ရှင်းပြလိုက်တာက ပိုရိုးသားရာ ရောက်ပါတယ်။

၂။ ကြိုးရှည်ရှည်လှန်ထားခြင်း

မိန်းကလေးအချို့ဟာ သူမတို့ရဲ့ ချစ်သူရည်းစားနဲ့ ချစ်ကြိုက်ပြီး မကြာခင်မှာပဲ ထိုရည်းစားကို စိတ်ကုန်သွားလေ့ရှိပါတယ်။ အဲဒါကတော့ နားမလည်နိုင်စရာပါ။ အဲဒီအခါမှာလည်း မိန်းကလေးတွေဟာ အဲဒီရည်းစားကို နောက်ထပ် ရည်းစားအသစ်တစ်ယောက် မတွေ့မချင်း မဖြတ်ပဲနဲ့ ဆက်တွဲနေလေ့ ရှိပါတယ်။ အမှန်တကယ်တော့ စိတ်ကုန်သွားရင် စိတ်ကုန်တဲ့အကြောင်း ပြောပြီး လမ်းခွဲလိုက်တာက ပိုရိုးသားရာရောက်ပါတယ်။

၃။ မျက်ရည်ခံထိုးခြင်း

မိန်းကလေးအများစုဟာ မွေးကတည်းက မျက်ရည်ခံထိုးတဲ့ မာယာကို ကျွမ်းကျင်စွာ တတ်မြောက်လာပြီးသားပါ။ ယောင်္ကျားလေး အများစုဟာ သူတို့ရှေ့မှာ မိန်းကလေးတွေ မျက်ရည်ကျနေရင် သဘောမကျကြပါဘူး။ သနားတာကြောင့်လည်း ဖြစ်နိုင်သလို စိတ်ပျက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ မိန်းကလေးတွေရဲ့ ဆန္ဒအတိုင်း လိုက်လျောခြင်းအားဖြင့် အငိုတိတ်စေနိုင်မှန်း ယောင်္ကျားလေးတွေက သိရှိပြီးဖြစ်ပါတယ်။ အမှန်တစ်ကယ်တော့ မလိုအပ်ပဲ ယောင်္ကျားလေးတွေရှေ့ မျက်ရည်မကျခြင်းနဲ့ ရိုးသားစွာ ပြုမူနိုင်ပါတယ်။

၎။ လူကြားထဲမှာ ကိုယ့်ချစ်သူကို အပြစ်တင်ခြင်း

ယောင်္ကျားလေးတွေဟာ လူပုံအလယ်မှာ အပြစ်တင်ခံရတာတော့ မနှစ်သက်ကြပါဘူး။ ဒါပေမယ့် မိန်းကလေးတွေကလည်း လူပုံအလယ်မှာ သူမတို့ချစ်သူတွေရဲ့ ငယ်ကျိုးငယ်နာကို ဖော်ပြီး အပြစ်တင် ရတာကို သဘောကျကြပါတယ်။ အမှန်တစ်ကယ်ကတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ အမူအကျင့် တွေကို အပြစ်မြင်နေရင် ထို ယောင်္ကျားလေးရဲ့ အဝေးမှာနေလိုက်တာက ပိုရိုးသားရာ ရောက်ပါတယ်။

၅။ ကိုယ့်ချစ်သူကို ပြန်စမ်းသပ်ခြင်း

ဒါကတော့ ကမ္ဘာတစ်ဝှမ်းလုံးက အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့အရာပါ။ မိန်းကလေးတွေဟာ သူမတို့ရဲ့ ချစ်သူတွေကို မေးခွန်းများစွာကို ခဏခဏ မေးနေလေ့ရှိပါတယ်။ အမှန်တစ်ကယ်ကတော့ အဲဒီမေးခွန်းတွေရဲ့ အဖြေကိုလည်း မိန်းကလေးတွေအနေနဲ့ သိရှိပြီးသားပါ။ ဒါကြောင့် မလိုအပ်တဲ့ မေးခွန်းတွေကို ထပ်ခါထပ်ခါ မေးမနေခြင်းဟာ ပိုရိုးသားရာရောက်ပါတယ်။

Ref:mensxp.com

Trend Myanmar



lutawlupyaw

No comments:

Post a Comment