Monday, March 30, 2015

"လူမှုကွန်ရက်ပေါ်မှာ မတင်သင့်တဲ့ အကြောင်းအရာ ၁ဝ မျိုး"

"လူမှုကွန်ရက်ပေါ်မှာ မတင်သင့်တဲ့ အကြောင်းအရာ ၁ဝ မျိုး"


အချစ်ရေး အခြေအနေတွေ မဖြော်ပသင့်ဘူး။

လူမှုကွန်ရက်မှာ ကိုယ့်ရဲ့အချစ်ရေး အခြေအနေကို အဆက်မပြတ်ရေး တင်နေကြတာ
တွေရှိပါတယ်။ ပြဿနာက လူမှုကွန်ရက်ဆိုတာ ကိုယ်တစ်ယောက်တည်း သုံးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့လူမှုကွန်ရက်ပေါ်က မိတ်ဆွေတွေကလည်း ကိုယ့်အချစ်ရေး အဆင်မပြေမှုတွေ စိတ်ဆင်းရဲစရာတွေကို တွေ့ချင်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ဝတ်လစ်စလစ်ပုံတွေ မတင်သင့်ဘူး။

ကိုယ်လုံးအလှကိုပြတဲ့ပုံတွေ မတင်သင့်ဘူးလို့ ဆိုလိုတာပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဘယ်လောက်ပဲ လှတယ်ထင်ပေမယ့် လူမှုကွန်ရက်ပေါ်က သူတွေအားလုံး သိဖို့မလိုပါဘူး။ နောင်တစ်ချိန်မှာ လိင်ပိုင်းဆိုင်ရာ သရုပ်ပြမော်ဒယ်လ် လုပ်ဖို့ရည်ရွယ်ချက်ရှိတယ် ဆိုရင်တော့ ကိုယ်လုံးအလှပြတဲ့ပုံတွေ တင်ချင်လည်း တင်နိုင်ပါတယ်။

မူးယစ်ဆေးဝါး သုံးနေတဲ့ပုံတွေ မတင်သင့်ဘူး။

အရက် ဒါမှမဟုတ် မူးယစ် ဆေးဝါးသုံးနေတဲ့ပုံတွေ မတင်သင့်ပါဘူး။ အလုပ်တစ်ခုလျှောက်လို့ ကုမ္ပဏီက တာဝန်ရှိသူတွေက အလုပ်ခန့်ဖို့ ဆုံးဖြတ်တဲ့အခါ ကိုယ့်ရဲ့ လူမှုကွန်ရက် စာမျက်နှာကို ကြည့်မှာဖြစ်တဲ့အတွက် ကောင်းတဲ့ရလဒ် ထွက်လာဖို့ လုံးဝမရှိတဲ့ လုပ်ရပ်ပါပဲ။

ကိုယ့်အလုပ် အကြောင်းတွေ မတင်သင့်ဘူး။

အလုပ်ထဲမှာ အဆင်မပြေမှုတွေက လူတိုင်းမှာရှိပါတယ်။ ကိုယ့်အဆင်မပြေမှုကြောင့် အလုပ်ကို မုန်းတီးနေတဲ့ စိတ်ဖြစ်နေရင် တခြားသူတွေကို မမျှဝေသင့်ပါဘူး။ ကိုယ့်အလုပ်ရှင်က တွေ့သွားမယ်ဆိုရင် ပြဿနာပဲ။

ကိုယ့်ရဲ့ ငွေကြေးပိုင်ဆိုင်မှုကို မတင်သင့်ဘူး။

ကိုယ့်မှာရှိတဲ့ ငွေကြေးပိုင်ဆိုင်မှုကို မဖော်ပြသင့်ပါဘူး။ ဘဏ် account ကို ဓာတ်ပုံရိုက်တင် တာပဲဖြစ်ဖြစ်ပေါ့။ လူတချို့က ကိုယ့်ရဲ့ ဘဏ် account ကို နည်းပညာ အားကိုးနဲ့ ဖောက်ယူဖို့ ကြိုးစားလာနိုင်တာ သတိပြုပါ။ (ငွေသားကို ဓာတ်ပုံရိုက်တင်မယ်ဆိုရင် သူများ ပိုက်ဆံလာချေးတာ ခံရနိုင်ပါတယ်။)

သူငယ်ချင်းကို အရှက်ရစေမယ့် ပုံတွေ မတင်သင့်ဘူး။

အရှက်ရစေမယ့် သူငယ်ချင်းရဲ့ ရယ်မောဖွယ်ပုံတွေ မတင်သင့်ပါဘူး။ သူအိပ်တဲ့အခါ ပါးစပ်ကြီးဟပြီး ရယ်စရာဖြစ်နေပေမယ့် ဒါဟာသူ့အတွက် အိမ်သာထဲက သူ့ရဲ့ပုံကို တင်တာနဲ့ အတူတူပါပဲ။ လူမှုကွန်ရက်ပေါ်မှာ သူ့ကိုအရှက်ခွဲဖို့ မလိုအပ်ပါဘူး။

မူပိုင်ခွင့် မရှိသေးတဲ့ အလုပ်အကြောင်း မတင်သင့်ဘူး။

အနုပညာ ဖန်တီးတာမျိုးလို ကိစ္စတွေမှာ မူပိုင်ခွင့် မရှိသေးဘဲ ကိုယ်ဖန်တီးထားတဲ့ အနုပညာ ထုတ်ကုန်တစ်ခုကို တင်လိုက်တာဟာ တခြားသူတစ်ယောက်က ကူးယူသွားဖို့ ဖြစ်နိုင်ပါတယ်။ အဆိုးဆုံးက အနုပညာ အပိုင်စီး ခံရနိုင်တာပါပဲ။

ကိုယ်ရေးကိုယ်တာ ပြောဆိုမှုတွေ မတင်သင့်ဘူး။

ကိုယ့်လူမှုကွန်ရက် စာမျက်နှာမှာ ကိုယ်ကြိုက်တာ ရေးတင်နေတာကို ဘယ်သူမှတော့ မတားမြစ်ပါဘူး။ ဘယ်သူ့ကိုမှ ထောက်ထားဖို့မလိုဘူး ဆိုပေမယ့် ရိုင်းပျတဲ့ စကားလုံးတွေဆိုရင် မတင်သင့်ပါဘူး။ တစ်စုံတစ်ယောက်က တင်နေတယ် ဆိုရင်တောင် အကောင်းဆုံး နည်းလမ်းက လျစ်လျူရှုလိုက်တာ ဒါမှမဟုတ် ဖျက်ပစ်လိုက်တာပါပဲ။

ကိုယ်လုပ်နေတာတွေအကြောင်း အများကြီး မတင်သင့်ဘူး။

လူတွေအကုန်လုံးက ကိုယ်ဘာလုပ်နေတယ်ဆိုတာ သိချင်နေလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒီနေ့ ရေဘယ်နှစ်ခါချိုးတယ် စတဲ့အသေးစိတ် အချက်အလက်တွေက လူမှုကွန်ရက်ပေါ်က မိတ်ဆွေတွေအတွက် စိတ်ပျက်စရာပါ။

ကိုယ်ရေး အချက်အလက်တွေ အများကြီး မတင်သင့်ဘူ။

ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ လူမှုကွန်ရက် လုံခြုံရေး လျှို့ဝှက်နံပါတ် စတာတွေကို ဘယ်တော့မှ မတင်သင့်ပါဘူး။ အသေးစိတ် အချက်အလက်တွေ တင်ထားလို့ ကိုယ့်ကို လူမှုကွန်ရက်ပေါ်ကသူတွေ ယုံကြည်တော့ရော ဘာဖြစ်လာမှာလဲ။ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

မြ၀တီ



lutawlupyaw

No comments:

Post a Comment