Monday, March 30, 2015

" အသက်တွေ ကြီးလာတာနဲ့ အမျှ "

" အသက်တွေ ကြီးလာတာနဲ့ အမျှ "

အသက်တွေ ကြီးလာတာနဲ့အမျှ
လူတွေရဲ့ နှလုံးသားတွေဟာ တဖြည်းဖြည်း သေးငယ်သွားတတ်ကြပြီး ဦးနှောက်တွေကတော့ တဖြည်းဖြည်း ကြီးလာတတ်ပါတယ်။

နှလုံးသားတွေကို အသက်ရှင်သန်ရန် နှလုံးခုန်ဖို့အတွက်သာ အသုံးပြုလာကြပြီး၊ နှလုံးသားနဲ့ ဆုံးဖြတ်ရမဲ့ အရာတွေကိုတော့ ဦးနှောက်က ပြောင်းလဲတာဝန်ယူ ယူစေလိုက်ကြပါတယ်။

တစ်ခါတစ်လေ နှလုံးသားနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ အမှားကြီးမှားသွားတတ်တာမျိုး ရှိတတ်ကြသလို ...
ဦးနှောက်နဲ့ ဆုံးဖြတ်လိုက်လို့ နှလုံးသားတွေ သေသွားတဲ့အခါမျိုး ရှိတတ်ကြပါတယ်။

ဘ၀မှာ အဓိပ္ပါယ်ရှိဖို့ဆိုတာ ... တူလေးနှစ်ချောင်းလိုပါပဲ
သူတို့ကို အစုံလိုက်သုံးပြုမှ ခရီးရောက်သလို ...
ဦးနှောက်နဲ့ နှလုံးသားကိုရော သမမျှတအောင် ရောနှောတတ်ရပါတယ်။

အစားသောက်တစ်ခုကိုလည်း မျက်လုံးနဲ့ ကြည့်တိုင်းလည်း စားကောင်းလိမ့်မယ်လို့ ပြောလို့မရပါဘူး။ ပါးစပ်ထဲရောက်ပြီး လျှာကသာ ဆုံးဖြတ်ပေးနိုင်ပါတယ်။ မျက်လုံးက ဒီအစားသောက်က စားချင်မှ ပါးစပ်ထဲကို ရောက်သလိုပါပဲ။

နှလုံးသားက လက်ခံနိုင်မှ ဦးနှောက်ထဲပါ တစ်ခါတည်း ရောက်သွားရတာပါ။
နှလုံးသားက လက်ခံနိုင်ပြီဆိုတာနဲ့ ဦးနှောက်ကလည်း တစ်ခါတည်း အဆင်ပြေမဲ့ လမ်းကြောင်းတွေနဲ့ တွက်ချက် ဖေါ်ဆောင်သွားတတ်ကြပါတယ်။

ဦးနှောက်ချည်းသက်သက်နဲ့တော့ ဘယ်တော့မှ မတွက်ချက်မိပါစေနဲ့။ နှလုံးသားတွေ သေသွားတဲ့အခါ နောင်တရမှာမိုလို့ပါ။


Credit : ချစ်တဲ့...မနုဿ



lutawlupyaw

No comments:

Post a Comment