Sunday, March 29, 2015

" လူငါးဦးဖြင့် ဖားပုံစံ ဖန်တီးခြင်း "

" လူငါးဦးဖြင့် ဖားပုံစံ ဖန်တီးခြင်း "

အသက် (၃၆) နှစ် အရွယ်ရှိပြီဖြစ်တဲ့ အီတလီအနုပညာရှင် ဂျိုဟန်နက်စ်စတော့တာဟာ Body Painting လို့ခေါ်တဲ့ ခန္ဓာကိုယ်မှာ ဆေးရောင်ခြယ်တဲ့ အနုပညာကို ဖန်တီးရာမှာ ထူးချွန်သူအဖြစ် ထင်ရှားပါတယ်။ စတော့တာဟာ ခန္ဓာကိုယ်ဆေးရောင်ခြယ် ပြိုင်ပွဲတွေမှာ ဆုတွေ မကြာခဏ ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ ဆေးရောင်ခြယ်တဲ့ အနုပညာဟာ လတ်တလောမှာ ခေတ်စားနေပြီး စိတ်ဝင်စားသူ အများအပြားရှိကြောင်း သိရပါတယ်။ စတော့တာရဲ့ နောက်ဆုံး ဖန်တီးခဲ့တဲ့ အနုပညာက စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စတော့တာဟာ လူငါးဦးကို အသုံးပြုပြီး၊ ဖားတစ်ကောင်ပုံစံ ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။

ဖားဟာ အလွန်ကြီးမားတဲ့ သစ်ရွက်ပေါ်မှာ ရှိနေတဲ့ပုံစံမျိုး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဖားပုံစံ ခန္ဓာကိုယ် ဆေးရောင်ခြယ်မှုကို ပြုလုပ်နိုင်ဖို့ အချိန် ရှစ်နာရီ ပေးခဲ့ရပါတယ်။ စတော့တာရဲ့ ဖန်တီးမှုဟာ အလွန် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပြီး ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးငါးဦးနဲ့ ဖားပုံစံကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။


Credit : messenger



lutawlupyaw

No comments:

Post a Comment