Thursday, March 26, 2015

"အမျိုးသားတွေ ကိုယ့်ချစ်သူကောင်မလေးတွေကို ဘာ့ကြောင့် အလွယ်တကူ တောင်းပန်စကား မဆိုတတ်ကြသလဲဆိုတာ"

"အမျိုးသားတွေ ကိုယ့်ချစ်သူကောင်မလေးတွေကို ဘာ့ကြောင့် အလွယ်တကူ တောင်းပန်စကား မဆိုတတ်ကြသလဲဆိုတာ"

ယောင်္ကျားအများစုဟာ တောင်းပန်ပါတယ်၊ ဆောရီးပါဆိုတဲ့ စကားကို အလွယ်တကူ မဖွင့်ဟတတ်ကြပါဘူး။ ဒါဟာ ယောင်္ကျား၊မိန်းမ ကွာခြားချက်လို့လည်း သတ်မှတ်နိုင်ပါတယ်။ မိန်းကလေးတွေက တစ်ခါတစ်လေ ကိုယ့်ချစ်သူရဲ့ တောင်းပန်တာမျိုး လိုချင်နေကြတဲ့အချိန်၊ သူတို့ချစ်သူ ကောင်လေးတွေက နှုတ်ဆိတ်နေတဲ့အခါ ဒီအချက်တွေကြောင့် သူတို့ တောင်းပန်စကား မဆိုတာ ဖြစ်နိုင်ပါတယ်။

၁။ဒါ တောင်းပန်ရမယ့် ကိစ္စရပ်လို့ သူတို့မထင်တာကြောင့်ပါ။

Waterloo တက္ကသိုလ်က လေ့လာတွေ့ရှိချက်တွေအရ အမျိုးသားအများစုဟာ ငါတို့ဒီလိုလုပ်တာ မှားသွားပါတယ် ဆိုတာမျိုး ၀န်ခံဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ တောင်းပန်စကားဆိုဖို့ရာလည်း ဒီကိစ္စက တောင်းပန်ရလောက်တဲ့အထိ မဟုတ်ဘူးလို့ တွေးတတ်ကြပါတယ်။ သင်နဲ့ အမြင်လုံးလုံးကွဲပြားနေတာကြောင့် သူတို့ မတောင်းပန်တာပါ။

၂။တောင်းပန်ခြင်းဟာ သူ့အတွက် အားငယ်စေတဲ့အပြင် ရှက်စရာကိစ္စလို့လည်း မြင်နေတာကြောင့်ပါ။

အမျိုးသားတွေဟာ တစ်ဖက်လူကို တောင်းပန်ရတဲ့အခါ သူတို့နေရထိုင်ရတာတောင် သက်တောင့်သက်သာမရှိတော့ပါဘူး။ ဒါဟာ သူတို့အတွက် အားငယ်စရာ၊ ရှက်စရာလို့တောင် မြင်တဲ့သူတွေ ရှိပါတယ်။ ဒါ့အပြင် တစ်ချို့လူတွေကျ တော့လည်း မှားတာကို မှားတယ်လို့ လုံးဝ မမြင်ကြတာကြောင့်ပါ။

၃။တောင်းပန်လိုက်ရပြီဆိုတာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ တော်တော်လေးကျဆင်းသွားရတာကြောင့်ပါ။

တစ်ချို့အမျိုးသားတွေဟာ တစ်ခြားလူတွေ၊ သို့မဟုတ် မောင်နှမသားချင်းတွေကို တောင်းပန်ရတာမျိုး နှစ်ခါ၊ သုံးခါလောက် လုပ်ပြီးသွားတဲ့အခါ ဒါကို နာကျင်စရာလို့တွေးတတ်လာကြပါတယ်။ နောက်တစ်ခါ ဘယ်တော့မှ ဘယ်သူ့ကိုမှ မတောင်းပန်တော့ဘူးဆိုပြီးတော့လည်း ဆုံးဖြတ်တတ်ကြပြန်ပါတယ်။

၎။အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့သက်သေပြချင်ကြတာကြောင့်ပါ။

အမျိုးသားတစ်ယောက်ဟာ သူလုပ်တာ မှားသွားမှန်းသိတဲ့အခါ ဆောရီးပါ၊ တောင်းပန်ပါတယ်လို့ ပြောနေရမှာထက် နောက်တစ်ခါ ဒီလိုမျိုးမဖြစ်အောင်နေမယ်၊ ငါပြင်ဆင်လိုက်မယ်ဆိုပြီးတော့ ပိုတွေးတတ်ကြပါတယ်။ အပြောနဲ့ မဟုတ်ပဲ အလုပ်နဲ့ သက်သေပြမယ်ဆိုပြီးတော့ပေါ့။

၅။မမျှော်လင့်ထားတာတွေ ကြုံလိုက်ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တစ်ခါတစ်လေ အတွေ့အကြုံးလုံးဝမရှိတဲ့ အရာတစ်ခုကို ပြုမူလုပ်ဆောင်ရတဲ့အခါ အမှားတစ်ခုခုဖြစ်သွားရင်တောင် ငါ ဒါလုပ်မှမလုပ်ဖူးတာ၊ ငါ ဒီလိုဖြစ်သွားတာ အဲ့ဒီလောက် အပြစ်မရှိဘူး။ တောင်းပန်စရာ မလိုဘူးလို့ တွေးတတ်ကြပြန်ပါတယ်။


Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment