Sunday, March 29, 2015

"အလုပ်မှာပျင်းသောသူ၏ ပြောနေကြ စကားလုံးများ"

"အလုပ်မှာပျင်းသောသူ၏ ပြောနေကြ စကားလုံးများ"

အလုပ်မှာ တကယ်ကိုတော်တဲ့သူနဲ့ မတော်တဲ့သှူရှိပါတယ်။
ဘာကွာခြားချက်ရှိလဲဆိုတာ အလုပ်ပေါ်မှာလည်း မူတည်သလို အလုပ်တွင်းမှာ ပြောနေသော စကားတွေပေါ်မှာလည်း ဒီလူဟာ ဟုတ်ကောဟုတ်ရဲ့လားလို့ ထင်တဲ့အခါလည်း ရှိကိုရှိမှာပါ။ သူတို့ပေးတဲ့ ဆင်ခြေတွေကတော့ ဘယ်လိုဟာတွေ ဖြစ်မှာလဲ။

၁.အခုအလုပ်များလွန်းလို့ နောက်မှလာပြော ….

အလုပ်များတယ်လို့ ပြောလေ့ရှိတယ်သူကို ပြောချင်တာကတော့ အလုပ်လုပ်နေမှတော့ အလုပ်များမယ်ဆိုတာ သဘာဝပါ။ အလုပ်လုပ်နေတဲ့အတွက် ဖြစ်လာမယ့် ပြဿနာကို ဖြေရှင်းရမယ်ဆိုတာလည်း သဘာဝပါ။
စိတ်အေးအေးလေးနဲ့ ခိုင်းတဲ့အလုပ်ကိုပဲ လုပ်မယ်ဆိုရင်တော့ တာဝန်ကြီးတဲ့အလုပ်ကို ကိုယ့်အထက်က အရာရှိက ခိုင်းမှာမဟုတ်တော့ပါ။

၂.မဖြစ်နိုင်ဘူး

အမြဲတန်း ဆင်ခြေတွေပဲပေး၊ ဘာလုပ်လုပ် မဖြစ်နိုင်ဘူးက စရင်တော့ ဘယ်သူမှကိုယ့်ကို ယုံကြည်မှာမဟုတ်ပါ။

၃.ပြောတဲ့အတိုင်း လုပ်ခဲ့တာပဲဟာကို

ပြောတဲ့အတိုင်း လုပ်ပေးခဲ့တာပဲဆိုပြီး ကိုယ်ကဘာမှားသလဲဆိုတာကို ပြန်ပြီးမသုံးသပ်ပဲ သူများကိုပဲ အပြစ်တင်နေရင်တော့ မှားတယ်လို့ ထင်ပါတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဆိုတာကို စဉ်းစားပြီး ပြေလည်အောင် ရှင်းပြဖို့လိုအပ်ပါတယ်။

၎.ကျွန်တော်၊ ကျွန်မ တတ်နိုင်သလောက်ပဲလုပ်မယ်
ကိုယ်ကိုပေးတဲ့တာဝန်ကို ကိုယ့်ရဲ့ အတွေ့အကြုံပေါ်မှာမူတည်ပြီး ဖြစ်နိုင်မဖြစ်နိုင်ကို ဆုံးဖြတ်ရင်တော့ ဘယ်တော့မှတိုးတတ်မှာ မဟုတ်ပါ။ မဖြစ်နိုင်တဲ့အရာကို လူတွေကလုပ်လာခဲ့တဲ့အတွက် ၂၁ ရာစုမှာ ကားတွေစီး၊ ကိုရီးယားကားတွေကြည့်နိုင်တယ်လို့ ထင်ပါတယ်။

၅.အားလုံးနဲတိုင်ပင်ပြီး အဖြေထုတ်ကြရအောင်

တကယ်တော့ ကိုယ်ကိုကိုယ် ယုံကြည်ချက်မရှိတာရယ် မစဉ်းစားတတ်တာကို သူများကိုပြောရမှာ ရှက်တဲ့အတွက် အားလုံးနဲ့ တိုင်ပင်ပြီး ဖြေရှင်းမယ်လို့ အမြဲတမ်းတွေးနေမယ်ဆိုရင်တော့ တတ်လမ်းကရှိမှာ မဟုတ်ပါ။

၆.လူလိုတယ်

တကယ်တော့ လူလိုတာ မဟုတ်ပါ။ အလုပ်လုပ်နိုင်စွမ်းနှင့် အရည်အချင်း မရှိတာက အဓိကပါ။ အလုပ်ကို ကိုယ်တယောက်တည်းနဲ့ ဘယ်လိုပြီးအောင်လုပ်မလဲ ဆိုတာကို စဉ်းစားပြီး အချိန်ကို အလေအလွင့်မရှိအောင် သုံးတတ်ဖို့ လိုပါတယ်။

၇.ဒီအလုပ်က ကျွန်တော်၊ ကျွန်မနဲ့ မကိုက်ဘူး။ စိတ်မဝင်စားဘူး။

သင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်မရှိလို့ပါ။ အထက်လူကြီးအပြင် လုပ်ဖော်ကိုင်ဖက်က ကြည့်ရင်လည်း ဒီလူနဲ့ အလုပ်အတူတူလုပ်ချင်တဲ့ စိတ်ကို ရှိမှာ မဟုတ်တော့ပါ။

၈.ကုမ္ပဏီရဲ့ Vision ကဘာလဲ

ဒီစကားကိုပြောလေ့ရှိတဲ့သူကတော့ ကုမ္ပဏီကို အပြစ်တင်နေတာပဲတတ်ပါတယ်။ ကုမ္ပဏီကို အပြစ်မတင်ခင်မှာ ကိုယ်မှာရော ကိုယ့်ရဲ့ ရည်မှန်းချက် (Vision) က သေသေချာချာရှိရဲ့လား။ ကိုယ့်ကိုကို ပြန်မေးကြည့်ပါ။

၉.အမြဲတမ်း မြည်တွန်တောက်တည်းသောသူ

တခုခုအဆင်မပြေတဲ့အခါ ပတ်ဝန်းကျင်မှာ လုပ်ဖော်ကိုင်ဖက်တွေရှိရင်လည်း အားမနာပဲ အသံမျိုးစုံနဲ့ ညီးတွားနေတဲ့သူကတော့ ရှင်းပြစရာလိုမယ်မထင်ပါ။

၁၀.စိတ်မရှိပါနဲ့

ခဏခဏတောင်းပန်နေတဲ့သူဟာလည်း ကိုယ်ကိုကိုယ် ယုံကြည်ချက်မရှိလို့ပါ။ စိတ်အေးအေးနဲ့စဉ်းစားပြီးမှ အဖြေကို ပေးသင့်ပါတယ်။

Happiness Is To You
Chelmo Team



lutawlupyaw

No comments:

Post a Comment