Sunday, March 29, 2015

"ကျမရဲ့ချစ်သူကို ပိုပြီး အမြတ်တနိုးတန်ဖိုးထားပါတယ်"

"ကျမရဲ့ချစ်သူကို ပိုပြီး အမြတ်တနိုးတန်ဖိုးထားပါတယ်"

တစ်နေ့ ချစ်သူနှစ်ဦး ရှော့ပင်စင်တာကြီးတစ်ခုမှာ ဈေးလျှောက်ပတ်ရင်း Electronic ပစ္စည်း အရောင်းဆိုင်တစ်ခုထဲသို့ ဝင်သွားကြည့်ကြပါတယ်။

လက်ကိုင်ဖုန်းရောင်းတဲ့ ကောင်တာတစ်ခုရှေ့ကို ရောက်တဲ့အခါ ကောင်လေးက ကောင်မလေးကို
 နောက်ဆုံးပေါ် Apple iph6 plus ကို လက်ညှိုးထိုးပြရင်း ကြိုက်လားလို့မေးပါတယ် ။

ကောင်မလေးကလည်း ကိုင်ထားတဲ့ ဖုန်းလေးကလဲ မော်ဒယ်အောက်လို့ လဲချင်နေတာနဲ့ အတော်ဖြစ်သွားတဲ့အတွက် ကြိုက်တယ်လို့ မဆိုင်းမတွ ပြန်ဖြေလိုက်ပါတယ် ။

ဒါနဲ့ပဲ ကောင်လေးက Ph ရဲ့လုပ်ဆောင်ချက်တွေကို သေချာဝင်ကြည့်ပါဦးဆိုပြီး အေးဆေးထိုင်ပြီး ဟိုနှိပ်ဒီနှိပ်နဲ့ ကလိကြည့်လိုက်၊ အရောင်လေးရွေးလိုက်နဲ့ တစ်နာရီခွဲလောက်ကြာတော့ ကောင်လေးက မုန့်သွားစားရင်း ခဏပြန်စဉ်းစားပြီးမှ လာဝယ်ကြတာပေါ့ဆိုပြီး သူ့ချစ်သူလက်ကိုဆွဲပြီး ဆိုင်အပြင်နားမှာရှိတဲ့ မုန့်ဆိုင်တစ်ခုမှာ ဝင်စားလိုက်ကြပါတယ် ။

ဆိုင်မှာမုန့်စား ကော်ဖီသောက် နှုတ်ခမ်းလေးစူရင်း ကောင်မလေးက ဖုန်းကတကယ်ဝယ်ပေးမှာမို့ သွားကြည့်ခိုင်းတာလားဆိုတော့ သူ့ချစ်သူကောင်လေးက ခုတော့ မဝယ်ပေးနိုင်သေးပါဘူးကွာ တစ်ချိန်ချိန်တော့ ဝယ်ပေးနိုင်အောင်ကြိုးစားမှာပေါ့ကွ။

ပစ္စည်းကောင်းတွေဝယ်ပေးတိုင်း တကယ်ချစ်တယ်လို့ ပြောလို့ရတာမဟုတ်ပါဘူးကွာ အခုလိုမင်းနားမှာ စိတ်ရှည်လက်ရှည် အချိန်ပေးအဖေါ်ပြုပေးတာက ပိုပြီး တန်ဖိုးမရှိဘူးလားလို့ ပြန်ပြောလိုက်တဲ့အခါ ကောင်မလေးလည်း ကျေနပ်သဘောကျသွားပြီး
 ဒီ iph6 plus ထက် သူ့ချစ်သူ အနားမှာရှိနေဖို့က ပိုအရေးကြီးတယ်ဆိုတာ ပြန်သတိရသွားပါတယ်။
တကယ်တမ်း ပြည့်စုံအောင်ထားပြီး လိုတိုင်းတရနေပေမဲ့ ကိုယ်ချစ်တဲ့သူ အနားမှာမရှိနေနိုင်ဘူးဆိုရင်ရော ပျော်ရွှင်ပါ့မလား ဆိုတဲ့ အတွေးက သူမရဲ့ ချစ်သူကို ပိုပြီး အမြတ်တနိုးရှိသွားစေပါတယ်။
အားလုံးနားလည်သဘောပေါက်နိုင်ကြပါစေ ။


Credit : ချစ်တဲ့...မနုဿ



lutawlupyaw

No comments:

Post a Comment