Tuesday, March 31, 2015

" ဆွဲဆောင်မှု အရှိဆုံး ကျောင်းဆရာ "

" ဆွဲဆောင်မှု အရှိဆုံး ကျောင်းဆရာ "

လန်ဒန်တက္ကသိုလ်ရှိ ကျောင်းဆရာတစ်ဦးဟာ ဆွဲဆောင်မှုအရှိဆုံး ကျောင်းဆရာအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ အသက် (၂၆) နှစ် အရွယ်ရှိ ဘိုဆီလီဟာ အီတလီနိုင်ငံမှာ မွေးဖွားခဲ့သူ ဖြစ်ပြီး လန်ဒန်တက္ကသိုလ်မှာ သင်္ချာဘာသာရပ်ကို သင်ကြား ပို့ချပေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဘိုဆီလီဟာ မော်ဒယ်တစ်ဦး အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေပြီ ဖြစ်ပါတယ်။ ဘိုဆီလီဟာ ၂၀၁၄ အထိ လန်ဒန်တက္ကသိုလ်မှာ သင်ကြားမှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ အမည်ကို ကျောင်းသားတွေက ဂူဂဲလ် အင်ဂျင်ဝက်ဘ်ဆိုက်မှာ ပြန်လည် ရှာဖွေတဲ့အခါ မော်ဒယ်တစ်ယောက်ဖြစ်နေတာကို ထူးခြားစွာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဘိုဆီလီရဲ့ အရပ်အမြင့်ဟာ (၆ပေ၊ ၁လက်မ) ရှိပြီး အင်စတာဂရမ်မှာ ပရိသတ်ပေါင်း (၄၆၀၀၀) ကျော် ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဘိုဆီလီဟာ စာသင်ကြားနေတဲ့ ဓာတ်ပုံတွေ၊ ကြွက်သားအလှကို ဖော်ပြထားတဲ့ ဓာတ်ပုံတွေ စတာတွေကို လူမှုကွန်ယက် ၀က်ဘ်ဆိုက်မှာ လွှင့်တင်မှု ပြုလုပ်ခဲ့ပါတယ်။

ဘိုဆီလီဟာ စက်မှုအင်ဂျင်နီယာ ဘာသာနဲ့ ပါရဂူဘွဲ့ကို ရရှိထားသူဖြစ်ပြီး ၂၀၁၄ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဥရောပ ကာယမော်ဒယ် ချန်ပီယံဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘိုဆီလီ ကို နာမည်ကြီး အ၀တ်အစားတွေကို ထုတ်လုပ်နေတဲ့ အာမာနီ ကုမ္ပဏီက စာချုပ်ချုပ်ဆိုမှု ပြုလုပ်ထားပါတယ်။ ဘိုဆီလီဟာ စာသင်ကြားရတာကို အလွန် ၀ါသနာပါကြောင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ဖူးပါတယ်။

Credit : messenger



lutawlupyaw

No comments:

Post a Comment