Monday, March 30, 2015

"၁ မိနစ်အတွင်း လက်ဖ၀ါးတွေနူးညံ့အောင် ပြုလုပ်နည်း"

"၁ မိနစ်အတွင်း လက်ဖ၀ါးတွေနူးညံ့အောင် ပြုလုပ်နည်း"


ကြမ်းတမ်းနေတဲ့ သင့်လက်ဖ၀ါးတွေကို အချိန် ၁ မိနစ် အတွင်းမှာ နူးညံ့သွားစေမယ်ဆိုရင် သင် အံ့သြ သွားလေမလား။ မယုံ မရှိပါနဲ့ ။ အခုဘဲ လုပ်ကြည့်လိုက်ပါ။ ကြမ်းထော်နေတဲ့ လက်ဖ၀ါးတွေ ညက်ညောသွားစေရုံမက၊ ၀င်းမွတ်လာတော့မှာ ဖြစ်ပါတယ်။

အသုံးပြုရမည့် ပစ္စည်းများမှာ-

သကြား (လ္ဘက်ရည်ဇွန်း ၂ ဇွန်း ခန့်)
သံလွင်ဆီ(သို့ ) အုန်းဆီ (လ္ဘက်ရည်ဇွန်း ၂ ဇွန်း ခန့် )

အဆင့်(၁)
သကြား ၂ ဇွန်းခန့်ကို လက်ဖ၀ါးထဲသို့ ထဲ့ပါ။ ပြီးရင် သံလွင်ဆီ (သို့) အုန်းဆီ ၂ ဇွန်းခန့်ကို လောင်းထဲ့ပါ။

အဆင့်(၂)
သကြားနဲ့ ဆီတွေ ရောသမသွားအောင် လက်ဖ၀ါး နှစ်ဖက်ကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ပါ။ (ထို အရောအနှောတွေ အောက်သို့ကျမသွားအောင် လက်ဖ၀ါးချင်း သေသေချာချာ ပွတ်တိုက်ပါ)

အဆင့်(၃)
အသားထဲသို့ စိမ့်ဝင်သွားအောင် လက်ဖ၀ါးနှစ်ဖက်ကို စက်ဝိုင်းပုံသဏ္ဍာန်အဖြစ် ပုံစံအမျိုးမျိုး ပွတ်ပေးပါ။ လက်ဖ၀ါးတွေကို အားရအောင်ပွတ်ပြီးတဲ့အခါ လက်ခုံ၊ လက်ဖမိုးတွေကိုပါ ဆက်၍ ပွတ်တိုက်ပေးလိုက်ပါဦး။

အဆင့်(၄)
အားရပြီဆိုပါက လက်ကို ဆပ်ပြာဖြင့် ဆေးကြောပါ။ ပြီးရင် body လိုးရှင်း တစ်ခုခု လိမ်းပေးလိုက်ပါ။ ကဲ သင့်လက်တွေ အရင်ကနဲ့ တူသေးလား။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေ ……

promise.pauk



lutawlupyaw

No comments:

Post a Comment