Wednesday, March 25, 2015

"တစ်နေ့ကို အရက် ၃ ခွက်ခန့် သောက်သုံးခြင်းဟာ အသည်းကင်ဆာ ဖြစ်ပွားနိုင်ဖို့ လမ်းစ တစ်ခုဖြစ်"

"တစ်နေ့ကို အရက် ၃ ခွက်ခန့် သောက်သုံးခြင်းဟာ အသည်းကင်ဆာ ဖြစ်ပွားနိုင်ဖို့ လမ်းစ တစ်ခုဖြစ်"

တစ်နေ့ကိုအရက် ၃ ခွက်ခန့် သောက်သုံးခြင်းဟာ အသည်းကင်ဆာ ဖြစ်ပွားနိုင်ဖို့ လမ်းစတစ်ခုဖြစ်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သုတေသန မှတ်တမ်းတွေအရ သိရပါတယ်။
အရက်တစ်ခွက်မှာ ယမကာပါဝင်မှု ၁၀ ဂရမ်ခန့်ရှိနေသလို ထို ၁၀ ဂရမ်တိုင်းဟာ အသည်းကင်ဆာ ဖြစ်ပွားနိုင်ဖို့အတွက် ၄ ရာခိုင်နှုန်း သေချာနေတယ်လို့ ကမ္ဘာ့ကင်ဆာသုတေသနအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် တစ်နေ့ကို ၃ ခွက်နဲ့ အထက် သောက်သုံးခြင်းဟာ အသည်းကင်ဆာရောဂါ ဖြစ်ပွားစေဖို့အတွက် ၁၀ ရာခိုင်နှုန်းကျော် သေချာသွားစေနိုင်ပါတယ်။
ကမ္ဘာ့ကင်ဆာသုတေသနအဖွဲ့က အသည်းကင်ဆာ ရောဂါဖြစ်ပွားနေတဲ့ လူဦးရေ ၂၄၅၀၀ ခန့်ပါဝင်တဲ့ လူဦးရေ ၈.၂ သန်းခန့်ကို စစ်ဆေးမှု ၃၄ ခု ခန့်ြ့ပုလုပ်ပြီး ထိုမှတ်တမ်းတွေကို သိရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ကင်ဆာသုတေသနအဖွဲ့က အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို အရက် ၁ ခွက် ခန့်သာ သောက်သုံးသင့်ပြီး အမျိုးသားတွေအနေနဲ့ တစ်နေ့ကိုအရက် ၂ ခွက် ခန့်သာ သောက်သုံးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment