Monday, March 30, 2015

"ဆမ်ဆောင်း Galaxy S6 နှင့် S6 Edge ကြိုတင် မှာယူမှု ၁၀၀၀ ရှိပါက ဧပြီ ၁၀ ရက် ရောင်းမည်"

"ဆမ်ဆောင်း Galaxy S6 နှင့် S6 Edge ကြိုတင် မှာယူမှု ၁၀၀၀ ရှိပါက ဧပြီ ၁၀ ရက် ရောင်းမည်"

ဆမ်ဆောင်း၏ ထိပ်တန်းစမတ်ဖုန်း ထုတ်ကုန်တစ်ခုဖြစ်သော Galaxy S6 နှင့် S6 Edge အလုံးရေတစ်ထောင် ကြိုတင်မှာယူပါက ဧပြီလ ၁၀ ရက်တွင် ပြည်တွင်း၌ တရားဝင် ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆမ်ဆောင်းအနေဖြင့် Galaxy S6 နှင့် S6 Edge တို့ကို ဧပြီ ၁၀ ရက်တွင် ကြိုတင်မှာယူသော နိုင်ငံများထဲမှ ၁၅ နိုင်ငံ၌ ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါ နိုင်ငံများထဲတွင် မြန်မာနိုင်ငံပါဝင်သည်။

အဆိုပါစမတ်ဖုန်းအသစ် နှစ်မျိုးတွင် မြန်မာစာစနစ်ကို ဇော်ဂျီနှင့် ယူနီကုတ်နှစ်မျိုးစလုံးအသုံးပြုနိုင်မည်ဖြစ်ပြီး အလွယ်တကူအသုံးပြုနိုင်မည့် စနစ်များကို အသင့်ထည့်သွင်းပေးထားကြောင်း ဆမ်ဆောင်းမြန်မာရုံးခွဲမှ သတင်းရရှိသည်။

‘‘Galaxy S6 ရော S6 Edge နှစ်မျိုးစလုံးမှာ မြန်မာစာစနစ်ကို အသုံးပြုသူတွေအတွက် အလွယ် တကူသုံးနိုင်အောင် အထူးပြုလုပ် ပေးထားပါတယ်။ KeyBoard ဆိုရင်လည်း စာရိုက်ရတာ ပိုပြီး လွယ်ကူစေအောင် အထူးပြုလုပ်ပြီးတော့ ထည့်သွင်းပေးထားပါတယ်’’ ဟု ဦးဇာနည်ဝင်းထက်က ရှင်းပြသည်။

Galaxy S6 နှင့် S6 Edge တို့သည် Samsung ၏ Galaxy S စီး ရီးစမတ်ဖုန်းများထဲတွင် ပထမဆုံးသော သတ္တုကိုယ်ထည်နှင့် စမတ်ဖုန်းဖြစ်ပြီး အကြမ်းခံနိုင်ရန် အပွန်းအစင်းများ အလွယ်တကူမထင်နိုင်သော Gorilla Glass 4 နှင့် ရှေ့၊ နောက်မျက်နှာပြင်နှစ်ခုစလုံးကို ကာကွယ်ပေးထားသည်။

စွမ်းဆောင်ရည်အနေဖြင့် Samsung ၏ ကိုယ်ပိုင် Chipset ဖြစ်သော Exynos 7420 ကို အသုံးပြုထားပြီး 2.1GHz Quad Core လေးလုံးနှင့် 1.5GHz Quad Core လေးလုံးပါရှိကာ RAM နှင့် တွဲဖက်ပေးထားသည်။

စမတ်ဖုန်းနှစ်ခုလုံးတွင် ရုပ်ထွက်ကောင်းမွန်စေရန် ၅ ဒသမ ၁ လက်မ Quad HD Resolution ရှိသော Super AMOLED မျက်နှာပြင် အသုံးပြုထားပြီး Home Buttom ခလုတ်တွင် လက်ဗွေဖတ်ရှုနိုင်သည့် Sensor ထည့်သွင်းပေးထားပြီး မိုဘိုင်းငွေချေသည့် ၀န်ဆောင်မှု Samsung Pay ကို တွဲဖက်အသုံးပြုနိုင်မည် ဖြစ်သည်။ ကင်မရာအနေဖြင့် ဖုန်းနှစ်မျိုးစလုံးတွင် နောက်ကျောဘက်တွင် 4K ဗီဒီယိုများရိုက်ကူးနိုင်သော 16 MP ကင်မရာနှင့် အရှေ့ဘက်တွင် 5MP ကင်မရာတပ်ဆင် ပေးထားသည်။

Galaxy S6 Edge ၏ ထူးခြားချက်မှာ ဆမ်ဆောင်း၏ ပထမဆုံး ဘေးဘောင်တွင် မျက်နှာပြင်ကွေး နှစ်ခုထည့်သွင်းပေးထားသည့် စမတ်ဖုန်းတစ်ခုဖြစ်သည်။ ကြိုတင်မှာယူလိုသူများသည် မတ်လ ၂၃ မှ ဧပြီ ၆ ရက်အတွင်း မှာယူရမည်ဖြစ်ပြီး Galaxy S6 ကို (ကျပ်၇၄၉,၀၀၀)၊ Galaxy S6 Edge ကို (ကျပ်၈၆၉,၀၀၀) နှုန်းတို့ဖြင့် ၀ယ်ယူနိုင်မည် ဖြစ်သည်။

Galaxy S6 နှင့် S6 Edge ၀ယ်ယူသူများအနေဖြင့် ကျပ် ငါးသောင်းတန်နံပါတ်လှ အူရီးဒူးဆင်းမ်ကတ် ရရှိမည်ဖြစ်ပြီး တစ်လလျှင် ဖုန်းဘီလ်တစ်သောင်းခွဲနှင့်ညီသည့် ဖုန်းပြောခွင့်၊ အင်တာနက်အသုံးပြုခွင့်များ ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7day News



lutawlupyaw

No comments:

Post a Comment