Monday, March 30, 2015

"မိ​မိချစ်ခ​င်ြ​မ​တ်နိုး​သူများ ကွယ်လွန်သွား​လျှ​င် ထာဝရ​ရှင်သ​န်နိုင်မ​ည် န​ည်း​ကို တီ​ထွ​င်"

"မိ​မိချစ်ခ​င်ြ​မ​တ်နိုး​သူများ ကွယ်လွန်သွား​လျှ​င် ထာဝရ​ရှင်သ​န်နိုင်မ​ည် န​ည်း​ကို တီ​ထွ​င်"

စပိန်နိုင်ငံ၊ ဘာစီလိုနားမြို့မှ Bios Urn ဆိုသည့် အဖွဲ့သည် လူများ ကွယ်လွန်သွားလျှင် ဘဝဆုံးသွားပြီး ယူဆခဲ့သည့် အတွေးအမြင်ကို ပြောင်းလဲနိုင်ရန်အတွက် သေသော်လည်း ထိုသူများ၏ အရိုးပြာများကို ကျောက်အိုးလေး တစ်လုံးအတွင်း ထည့်ပြီး သစ်ပင်များ စိုက်ပျိုးကာ သေသူ့ကိုယ်စား ထာဝရ ရှင်သန်နေသော သစ်ပင်တစ်ပင်အဖြစ် ပြောင်းပြီး သဘာဝစိမ်းလမ်းစိုပြည်ရေးကိုပါ ဦးစားပေးရာ ရောက်သည့် နည်းစနစ်တစ်ခုကို တီထွင်ပြီး တာဝန်ယူ လုပ်ဆောင်ပေးလျက်ရှိကြောင်း Mail Online သတင်းတွင် ဖော်ပြထားသည်။

အထူး စီမံပြုလုပ်ထားသည့် ကျောက်အိုးလေးများအတွင်း ကွယ်လွန်သူ၏ ပြာမှုန့်များကို ထည့်ထားပြီးနောက် သစ်စေ့တစ်စေ့ကို ထည့်သွင်းပေးလိုက်လျှင် ဘဝသေသွားပြီး ဆိုသည့်အစား ပြန်လည်ရှင်သန်လာသော ဘဝပေါင်းများစွာအဖြစ် ဖန်တီးမှတ်ယူလာနိုင်မည့် အစီအစဉ်သစ်ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
ယင်းစနစ်အရ ကျန်ရစ်သော မိဘဆွေမျိုးများသည် မိမိတို့ကြိုက်နှစ်သက်ရာ သစ်ပင်မျိုးကို ရွေးချယ်ခွင့်ရှိပြီး ပြာမှုန်နှင့် သစ်စေ့ကို အပေါ်ယံတွင်သာ ထည့်သွင်းပေးရန် လိုကြောင်း၊ ကျောက်အိုး အောက်ခြေတွင် နည်းပညာဖြင့် အထူးပြုလုပ်ထားသော စနစ်များအရ ထိုကျောက်အိုးကို တစ်ရက်လျှင် နေရောင်ခြည် သုံးနာရီမျှ ပေးရုံဖြင့် အပင်ပေါက် လာစေရန် စီစဉ်ထားကြောင်း Mail Online သတင်းတွင် ရေးသားထားသည်။

Bios Urn ကျောက်အိုးတစ်လုံးကို အပြီးအစီး လုပ်ဆောင်မှုနှင့် ပေးပို့ခစရိတ်အဖြစ် ၁၄၅ ဒေါ်လာ ယူကာ ယင်းအဖွဲ့သည် လုပ်ဆောင်ပေးလျက်ရှိသည်။
အလားတူ လုပ်ဆောင်မှုမျိုးကို Urban Death Project အနေဖြင့်လည်း လုပ်ဆောင်ခဲ့ပြီး လူတစ်ယောက် သေဆုံးပါက သူ၏ အလောင်းကို ခြောက်ပတ်အတွင်း မြေသြဇာအဖြစ် ပြောင်းပေးလိုက်ကာ အဆောက်အအုံကြီးများ ဘေးတွင် သစ်ပင်ကို ယင်းမြေသြဇာကျွေးပြီး ကြီးထွားအောင် လုပ်ပေးသည့် အစီအစဉ်ဖြင့်လည်း လုပ်ဆောင်ပေးခဲ့ဖူးသည်။

http://www.maukkha.org



lutawlupyaw

No comments:

Post a Comment