Tuesday, March 31, 2015

"အမျိုးသားတွေ နှစ်ပတ်အတွင်း လက်မောင်းကြီးချင်တယ် ဆိုရင်"

"အမျိုးသားတွေ နှစ်ပတ်အတွင်း လက်မောင်းကြီးချင်တယ် ဆိုရင်"


ကောင်မလေးက သင့်ရဲ့စွဲဆောင်မှုအောက်မှာ ၀ပ်လျှိုးလာအောင် သင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ စူပါဟီးရိုးတွေလို လက်မောင်းနဲ့ ကောင်မလေးကို မချီနိုင်ဖို့ လိုတယ်။ သူချော်လဲတိုင်း ထိန်းပေးနိုင်ပါတယ်လို့ ကတိက၀တ်ပြုနိုင်ဖို့ လိုပါတယ်။ ဒါဆိုရင်ရပြီ။

သင့်လက်မောင်းအတွက်ပဲတစ်နေကုန်စိတ်နှစ်ထားလိုက်ပါ။

လက်မောင်းကြွက်သား၊ လက်ရုံးကြွက်သား၊ လက်မောင်းရင်းနောက်ဘက်ကြွက်သားနဲ့ လက်ဖျံကြွက်သား စတာတွေအားလုံးကို နေ့ချင်းညချင်း ကြီးထွားလာအောင် မလုပ်နိုင်ဘူးဆိုတာကို တစ်ကမ္ဘာလုံးက ကိုယ်ကာယ ကျွမ်းကျင်ပညာရှင်တွေဟာ လက်ခံထားပါတယ်။ သင်ဟာ လန်းဆန်းနေမယ်၊ ခန္ဓာကိုယ်ထဲမှာ ဂလိုင်ကိုဂျန် ပမာဏကလည်း ပြည့်နေမယ်ဆိုရင် လက်မောင်းကြီးအောင် စလုပ်ဖို့အချိန်ကောင်းပါပဲ။ ဒါဟာလက်မောင်းအတွက် အထူးပြုဖော်ပြပေးထားတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန် မောပန်းရကျိုး နပ်စေလောက်တဲ့ မြန်ဆန်တဲ့တိုးတက်မှုတွေကို တွေ့ရမှာပါ။

အလေးတိုင်ထူထူ (အလေးတုံးလက်ကိုင်) နဲ့ လက်မောင်းလေ့ကျင့်ခန်းလုပ်ပါ။

ကြွက်သားထုထည်အကြီးဆုံးနဲ့ ခွန်အားအမြင့်ဆုံးကို ရဖို့အတွက်ဆိုရင် အလေးတုံးလက်ကိုင်ထူထူနဲ့ လေ့ကျင့်ပါ။ အလေးတုံးလက်ကိုင်ထူထူဟာ လက်မောင်း ဖွံ့ဖြိုးနှုန်းနဲ့ အပေါ်ပိုင်းခွန်အားအတွက် အထောက်အကူကောင်းဖြစ်သလို ပုံမှန်လက်ကိုင်တွေနဲ့ လေ့ကျင့်တဲ့သူတွေထက် အကျိုးရှိစေမှာဖြစ်ပါတယ်။

လက်ဖျံကြွက်သားတွေကိုလေ့ကျင့်ပါ။

လူတွေကိုအထင်ကြီးစေမယ့် အပိုင်းက လက်ရုံးကြွက်သားတစ်ခုတည်း မဟုတ်ပါဘူး။ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေဖို့ဆိုရင် လက်ဖျံကြွက်သားကို လေ့ကျင့်ဖို့လည်း လိုအပ်ပါတယ်။ လက်ဖျံကြွက်သားလေးတွေက သေးနေမယ်ဆိုရင်တော့ လက်ရုံးကြွက်သားနဲ့ လက်မောင်းရင်းနောက်ဘက် ကြွက်သားတွေကို ဘယ်လိုပဲကျင့်ကျင့် နောက်ဆုံး လက်မောင်း သေးသေးလေးနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်။

တံတောင်ဆစ်တွေကို ကျစ်နေအောင်လုပ်ပြီး တန်ဖိုးထားပါ။

တံတောင်ဆစ်တွေကို ကျစ်နေအောင်လုပ်ဖို့နဲ့ တန်ဖိုးထားဖို့က သိပ်အရေးကြီးတဲ့ အချက်နှစ်ချက်ပါပဲ။ တံတောင်ဆစ်နေရာတွေက ကျစ်နေမှ လက်မောင်းဟာ ပိုကြီးသယောင်၊ ပိုသန်မာသယောင်ဖြစ်မှာပါ။ တံတောင်ဆစ်တွေကို တန်ဖိုးထားပါဆိုတာကတော့ အနာတရကင်းအောင် နေဖို့ပြောတာပါ။ ဒါဟာ သိပ်အရေးကြီးပါတယ်။ တံတောင်ဆစ် အနာတရတစ်ခုခုဖြစ်သွားမယ်ဆိုရင် ချည့်လာတာမျိုး ဒါမှမဟုတ် ပုံမှန်မဟုတ်ဘဲ သိပ်ကြီးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ 

လေ့ကျင့်နည်း များများနဲ့လေ့ကျင့်ပါ။

တစ်ယောက်ယောက်က သင့်ကို အကောင်းဆုံး လေ့ကျင့်ခန်းဆိုပြီး လေ့ကျင့်ခန်းတစ်ခုတည်းကို ပုံမှန်လုပ်ဖို့ ပြောလာမယ်။ သင်ကလည်း ဘ၀င်ကျသွားမယ်ဆိုရင်တော့ ပြဿနာရှိနေပါပြီ။ လူတိုင်းမှာ မတူညီတဲ့ ကြွက်သားအပိုင်းတွေ၊ ကြွက်သားအမျှင်အတိုအရှည်တွေ၊ ကြွက်သားအမျှင် ဖွဲ့စည်းပုံတွေ ရှိပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်မှာ ဖြစ်လာတဲ့အကျိုးအာနိသင်ချင်း မတူညီပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းနည်းပေါင်းစုံကို လေ့ကျင့်ပြီး သင့်အတွက် အကောင်းဆုံးဖြစ်မယ့် လ့ကျင့်ခန်းကို ရွေးချယ်ပါ။


(Ref:Mensxp)
Trend Myanmar



lutawlupyaw

No comments:

Post a Comment