Sunday, March 29, 2015

"ဦးနှောက်ကို ကောင်းကျိုးပြုတဲ့ အကောင်းဆုံး အစားအစာများ"

"ဦးနှောက်ကို ကောင်းကျိုးပြုတဲ့ အကောင်းဆုံး အစားအစာများ"

(၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။

(၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေပြီး၊ ဦးနှောက်တုန့်ပြန်မှုနှုန်းကို မြန်ဆန်သွက်လက်စေပါတယ်။

(၃) သစ်ကြားသီးကို အစွမ်းထက်မြက် ဦးနှောက်အားတိုး သဘာဝဖြည့်စွက်ဆေးအဖြစ် အားကိုးထိုက်ပါပေတယ်။

(၄) အနားတွန့် ဂေါ်ဖီထုပ်ကလေးထဲမှာပါတဲ့ tryptophan (ခေါ်) seroten ဓာတ်များက ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၅) ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်း က ဦးနှောက်ကို ကောင်းစွာ အလုပ်လုပ်စေပါတယ်။

(၆) ပန်းဂေါ်ဖီအဖြူရောင်က ဦးနှောက်ရဲ့ အဖြူရောင်အဖတ်သားများကို များစွာ ကောင်းကျိုးပြုပါတယ်။

(၇) ဂျင်း စားပေးခြင်းဖြင့် ဦးနှောက်အမြှေးပါးရောင်ရောဂါကို မဖြစ်စေတော့ပါဘူး။

(၈) ပန်းသီးက ခန္တာကိုယ်အတွက် ဘက်စုံအားကောင်းစေရုံသာမက၊
မှတ်ဥာဏ်အားလည်း ကောင်းစေပါတယ်။

(၉) ဖရဲသီးစားပါ။ ဦးနှောက်ရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို အားပေးပါတယ်။

(၁၀) ဂေါ်ဖီထုပ်က အဆုပ်၊ ဆီးကျိတ်ကင်ဆာတွေ မဖြစ်စေတဲ့အပြင်၊ ဦးနှောက်ပျက်စီးထိခိုက်မှုကိုပါ လျော့ပါးသွားစေပါတယ်။

(၁၁) ဆလပ်ရွက် များများစားပေးခြင်းဖြင့် neurovascular coupling (ခေါ်) ဦးနှောက်အာရုံကြောတွေနဲ့ ဆက်စပ်နေတဲ့ သွေးကြောတွေမှာ သွေးစီးဆင်းမှု ပိတ်ဆို့ခြင်းရောဂါကို မဖြစ်စေနိုင်ပါဘူး။ ဒါ့ပြင်
Alzheimer (ခေါ်) ဦးနှောက်ဇရာကြို အယ်လယ်ဇိုင်းမားရောဂါ ဖြစ်လာနိုင်ချေကိုပါ လျော့ချပေးပါတယ်တဲ့။

(၁၂) သခွားမွှေးသီးစားပါ။ ဦးခေါင်းခွံကျန်းမာရေးကို
ကောင်းကျိုးပြုတဲ့အပြင် ဦးနှောက်အား ကောင်းစေပါတယ်။

(၁၃) ထင်းရှုးသီးစေ့က ဦးနှောက်ကို တက်ကြွအောင်လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။

(၁၄) မြင်းခွာရွက် တစ်နေ့ ၄-ရွက်စားပါ။ အုန်းဆီ ၈၀-ကျပ်သားနဲ့ မြင်းခွာရွက်သတ္တုရည် ၂၇-ကျပ်သားတို့ ရောပြီး မီးအေးအေး ဖြင့်ချက်ပါ။ ရေခန်း၍ ဆီသာကျန်တော့တဲ့အထိ ချက်ပြီးအအေးခံပါ။ ဆံပင်နဲ့ ဦးရေပြားကို လိမ်းပေးခြင်းဖြင့် ဦးနှောက် အားရှိလာစေပါတယ်။ ဒါ့ပြင် သတိကောင်းခြင်း၊ ဆံပင်ကောင်းခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း
စသည်ဖြင့် ကောင်းကျိုးပြုပါတယ်။ (သို့မဟုတ်) မြင်ခွာရွက်မှုန့်ကို နွားနို့၊ သကြားတို့နဲ့ ရောသောက်ပေးခြင်းဖြင့် ဦးနှောက်ကြည်လင်၍
မှတ်ဥာဏ်ကောင်းစေပါတယ်။

(၁၅) ဦးနှောက်ပျက်/စိတ်ဖောက်ပြန်ခြင်းအတွက် လင်းနေပင်အမှုန့်ကို ပျားရည်နှင့်ရောလျက်ပေးပါ။ ဦးနှောက်အားနည်းပြီး မကြာခဏ
သတိမေ့လျော့ခြင်းအတွက် လင်းနေပင်အမှုန့်ကို၊ ထောပတ်၊ နွားနို့တို့ဖြင့်သောက်ပါ။

(၁၆) ဦးနှောက်ပျက်/စိတ်မငြိမ်ခြင်းအတွက် ဆီးသီးခြောက်ကို ထန်းလျက်ဖြင့်
ယိုထိုးစားပါ။

(၁၇) ဦးနှောက်ကြည်စေရန်အတွက် ကြံရည်နဲ့  ပျားရည် (သို့ မဟုတ်) ကြံရည်နဲ့ ဇီးဖျော်ရည် ရောသောက်ပါ။

(၁၈) ဦးနှောက်မကြည်မလင် ပင်ပန်းနွမ်းနယ်ခြင်းအတွက်
ဖီးကြမ်းဌက်ပျောသီးမှည့်မှည့်ကို စပျစ်သီးအမှည့်ဖြင့် ဖျော်ရည်လုပ် သောက်ခြင်းဖြင့် တခဏအတွင်း လန်းဆန်းလာစေပါတယ်။

(၁၉) မြတ်လေးပန်းရှူပါ။ မြတ်လေးပန်းရနံရှူခြင်း (သို့မဟုတ်) မြတ်လေးပန်းခြောက်မှုန့်ကို ပျားရည်တွင်စိမ်၍ ညအိပ်ယာဝင်တိုင်း
လ္ဘက်ရည်ဇွန်း ၁-ဇွန်း သောက်ခြင်းက ဦးနှောက်ကြည်လင် လန်းဆန်းလာစေပါတယ်။


Credit : ပေါက်ပေါက်



lutawlupyaw

No comments:

Post a Comment