Tuesday, March 31, 2015

"သွားကျန်းမာဖို့ ရှောင်သင့်တဲ့ အစားအစာ ၇ မျိုး"

"သွားကျန်းမာဖို့ ရှောင်သင့်တဲ့ အစားအစာ ၇ မျိုး"

လူတစ်ယောက်အတွက် သွားကျန်းမာရေးက အရမ်းအရေးကြီးပါတယ်။ စားချင်တာ ကောင်းကောင်းစားပြီး ဝါးချင်တာ ကောင်းကောင်းဝါးဖို့ သွားကျန်းမာနေမှ ဖြစ်မှာပါ။ သွားတွေကို ဒုက္ခအပေးဆုံး အစားအစားတွေဟာ လူတွေနေ့တိုင်း မြင်တွေနေရတဲ့ စားစရာတွေ ဖြစ်ပါတယ်။ သွားကျန်းမာရေးအတွက် ရှောင်သင့်တဲ့ အစားအစာ ၇ မျိုးကတော့ အခုလိုပါ။

ရေခဲ

သွားဆရာဝန်တစ်ယောက်ဟာ သင့်ကိုဘယ်တော့မှ ရေခဲစားခိုင်းမှာမဟုတ်ပါဘူး။ ရေခဲကို ဝါးတာလည်း မကောင်းသလို သောက်တာလည်း မကောင်းပါဘူး။ သွားနဲ့ သွားဖုံးတွေကို ဒုက္ခအပေးဆုံး နံပတ် ၁ အစားအစာ ဖြစ်ပါတယ်။

သစ်သီးခြောက်များ

ကျန်းမာတဲ့ သွားတွေရဲ့ ရန်သူစာရင်းထဲမှာ သစ်သီးခြောက်တွေလည်း ပါနေပါတယ်။ သစ်သီးခြောက်တွေထဲမှာ သကြားတွေ လိုတာထက်ပိုပြီး ပါဝင်နေတက်တဲ့အတွက် သင့်သွားရဲ့ နံပတ် ၂ ရန်သူဖြစ်ပါတယ်။

ပေါင်မုန့်

ပေါင်မုန့်က သွားကျန်းမာရေးနဲ့ ဘာမှမဆိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ ပေါင်မုန့်ဟာ သကြားဓါတ် တိုက်ရိုက်မရပေမယ့် သင်ဝါးလိုက်တဲ့အခါ ချက်ခြင်းဆိုသလို သကြားဓါတ်ပြောင်းလဲသွားတာကို သုတေသန ပညာရှင်တွေ ဖော်ထုတ်ထားပါတယ်။ ပေါင်မုန့်အပိုင်းအစတွေက သင့်သွားကြားထဲမှာလည်း ညှပ်နိုင်သေးလို့ ပိုလို့တောင် ဆိုးနေပါသေးတယ်။ သွားကျန်းမာချင်ရင်တော့ ပေါင်မုန့်ကိုလည်း ကြည့်ရှောင်သင့်ပါတယ်။

အရက်

အရက်မှာ တခြားအစားအစာတွေလို သကြားဓါတ်မပါလို့ သွားကိုဒုက္ခပေးနိုင်ပါ့မလားလို့ မေးချင်နေပြီထင်ပါတယ်။ အရက်မှာ သကြားဓါတ်မပါသလောက်နည်းပေမယ့် ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ကော်ဖီ၊ လဘက်ရည်နဲ့ စွမ်းအားဖြည့် အချိုရည်တွေလိုပဲ အရက်က ခံတွင်းကို ဒုက္ခပေးလို့ သွားကို ဒုက္ခပေးတာနဲ့ အတူတူပါပဲ။

အချဉ်သကြားလုံး

အက်ဆစ်ဓါတ်ကဲထားတဲ့ အချဉ်သကြားလုံးတွေက သင့်သွားကို တိုက်ရိုက်ဒုက္ခပေးနိုင်ပါတယ်။ နောက်ပြီး ဒီသကြားလုံးတွေကြောင့် သင့်ရဲ့ကျန်းမာနေတဲ့ သွားတွေတောင် ပိုပြီး မြန်မြန်ကျိုးသွားနိုင်ပါတယ်။

ဆိုဒါ

ဆိုဒါကို သောက်တာဟာ သင့်ရဲ့သွားတွေကို သကြားနဲ့ သွားတိုက်သလို ဖြစ်စေပါတယ်။ ဆိုဒါကို သောက်ခြင်းအားဖြင့် သကြားဓါတ်တွေကတဆင့် သင့်သွားတွေထဲမှာ ဘက်တီးရီးယားတွေ အတွက် နေစရာအိမ်ဆောက်ပေးနေတာနဲ့ အတူတူပါပဲ။

ဘယ်ရီသီး၊ မုန်လာဥနီ

ဆိုးရွားတဲ့ သွားကျန်းမာရေး ထိခိုက်မှုကို မဖြစ်စေပေမယ့် ဒီအသီးတွေကို စားခြင်းအားဖြင့် သင့်ရဲ့ ဖြူဖွေးနေတဲ့ သွားတွေ အလွယ်တကူ စွန်းထင်းသွားနိုင်ပါတယ်။ သွားတိုက်တာလောက်နဲ့ မပျောက်လောက်အောင် သွားအရောင် ပြောင်းသွားနိုင်ပါတယ်။

သွားကျန်းမာရေးအတွက် အကောင်းဆုံးကတော့ ရေတဖန်ခွက်ကို မကြာခဏသောက်သင့်တာပါပဲ။


Credit : PlanetMyanmar



lutawlupyaw

No comments:

Post a Comment